ဓားကိုင်တိုက်ခိုက်

August 14, 2019

ဆစ်ဒနီမြို့ ဓားဖြင့်တိုက်ခိုက်မှု စွပ်စွဲခံရသူအား အကြမ်းဖက်ဆက်နွှယ်မှုရှိမရှိ စုံစမ်းမည်

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဓားနဲ့ သွေးရူးသွေးတန်း လိုက်လံတိုက်ခိုက်တယ်လို့ စွပ်စွဲခံရသူကို အကြမ်းဖက် ဆက်နွှယ်မှုတွေအတွက် ဆက်လက်စုံစမ်းသွားမယ်လို့ နယူးဆောက်ဝေး ရဲမင်းကြီး မစ်ဖူလာက သြဂုတ် ၁၄ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ရဲမင်းကြီး မစ်ဖူလာက တိုက်ခိုက်သူ နေးလ်ဟာ ခြေထောက်ဒဏ်ရာနဲ့ တခြားဒဏ်ရာတွေ ရထားပေမယ့် ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး ၂၄ နှစ်အရွယ် အမျိုးသမီး သေဆုံးမှု၊ အသက် ၄၀ အရွယ် အမျိုးသမီး ဓားထိုးခံရမှုတွေကို ဆက်လက်စုံစမ်းသွားမယ်လို့ ဆိုပါတယ်ု အဲဒီနောက် တိုက်ခိုက်သူနဲ့ သြစတြေးလျ ဒါမှမဟုတ် နိုင်ငံတကာက အကြမ်းဖက် လူပုဂ္ဂိုလ်၊ အဖွဲ့တွေနဲ့ ဆက်နွှယ်တာရှိမရှိ စုံစမ်းသွားမယ်လို့ မစ်ဖူလာက ပြောခဲ့ပါတယ်။ သြဂုတ် ၁၃ ရက်နေ့က ဆစ်ဒနီမြို့လယ်ကောင်မှာ အမျိုးသားတယောက် ဓားကိုင်ရမ်းကားနေတာကြောင့် အနီးဝန်းကျင်လူတွေက သူ့ကို ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
Zawgyi Version ဆစ္ဒနီၿမိဳ႕ ဓားျဖင့္တိုက္ခိုက္မႈ စြပ္စြဲခံရသူအား အၾကမ္းဖက္ဆက္ႏႊယ္မႈရွိမရွိ စုံစမ္းမည္ DVB ၾသစေၾတးလ်ႏိုင္ငံ ဆစ္ဒနီၿမိဳ႕မွာ ဓားနဲ႔ ေသြး႐ူးေသြးတန္း လိုက္လံတိုက္ခိုက္တယ္လို႔ စြပ္စြဲခံရသူကို အၾကမ္းဖက္ ဆက္ႏႊယ္မႈေတြအတြက္ ဆက္လက္စုံစမ္းသြားမယ္လို႔ နယူးေဆာက္ေဝး ရဲမင္းႀကီး မစ္ဖူလာက ၾသဂုတ္ ၁၄ ရက္ေန႔မွာ ေျပာလိုက္ပါတယ္။ ရဲမင္းႀကီး မစ္ဖူလာက တိုက္ခိုက္သူ ေနးလ္ဟာ ေျခေထာက္ဒဏ္ရာနဲ႔ တျခားဒဏ္ရာေတြ ရထားေပမယ့္ ရဲတပ္ဖြဲ႔က ထိန္းသိမ္းထားၿပီး ၂၄ ႏွစ္အ႐ြယ္ အမ်ိဳးသမီး ေသဆုံးမႈ၊ အသက္ ၄၀ အရြယ္ အမ်ိဳးသမီး ဓားထိုးခံရမႈေတြကို ဆက္လက္စုံစမ္းသြားမယ္လို႔ ဆိုပါတယ္ု အဲဒီေနာက္ တိုက္ခိုက္သူနဲ႔ ၾသစေၾတးလ် ဒါမွမဟုတ္ ႏိုင္ငံတကာက အၾကမ္းဖက္ လူပုဂၢိဳလ္၊ အဖြဲ႔ေတြနဲ႔ ဆက္ႏႊယ္တာရွိမရွိ စုံစမ္းသြားမယ္လို႔ မစ္ဖူလာက ေျပာခဲ့ပါတယ္။ ၾသဂုတ္ ၁၃ ရက္ေန႔က ဆစ္ဒနီၿမိဳ႕လယ္ေကာင္မွာ အမ်ိဳးသားတေယာက္ ဓားကိုင္ရမ္းကားေနတာေၾကာင့္ အနီးဝန္းက်င္လူေတြက သူ႔ကို ဝိုင္းဝန္းဖမ္းဆီးခဲ့တယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။
2 years Ago
Up