ဓားကိုင်သောင်းကျန်း၊ ၂ ဦးသေ၊ ၁၈ ဦးဒဏ် ရာရ

May 29, 2017

တရုတ်တွင် အမျိုးသားတဦးက လူအုပ်စုကြား ဓားကိုင်သောင်းကျန်း၊ ၂ ဦးသေ၊ ၁၈ ဦးဒဏ် ရာရ

တရုတ်နိုင်ငံမှာ  စိတ်ဝေဒနာသည် အမျိုးသားတဦးဟာ လူအများကြားမှာ ဓားကိုင် သောင်းကျန်းခဲ့တဲ့အတွက် ၂ ဦးသေဆုံးပြီး လူ ၁၈ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ မေရာသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ၊ ဂွီကျိုးခရိုင်ထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး အသက် ၃၀ အရွယ် အဆိုပါအမျိုးသားမှာ စိတ်ရောဂါဆိုင်ရာ အခြေအနေရှိနေတယ်လို့ သူ့ရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။ ဓားကိုင် သောင်းကျန်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကို နီးစပ်ရာဆေးရုံတရုံဆီ ပို့ဆောင်ထားခဲ့ရပြီး အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။ တရုတ်နိုင်ငံဟာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တော့ အကြမ်းဖက်တိုက်ခိုက်မှုတွေ နည်းတဲ့နိုင်ငံထဲမှာ ပါဝင်ပြီး ခုနောက်ပိုင်းနှစ်တွေမှာတော့ လူအုပ်စုကြား ဓားကိုင် သောင်းကျန်းမှုတွေ ပိုမိုများပြားလာနေခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း ဂေါင်ရှီခရိုင်ထဲမှာ သူငယ်တန်းအရွယ် ကျောင်းသား ကလေးငယ်တွေကို အမျိုးသားတဦးက ဘလိတ်ဓားနဲ့ ဝှေ့ယမ်းတိုက်ခိုက်မှု ဖြစ်ခဲ့ပါသေးတယ်။
4 years Ago
Up