ဓားကိုင်လုယက်မှု

May 8, 2018

စကော့တလန် ဈေးဆိုင်အတွင်း ဓားကိုင်လုယက်မှု ရုပ်သံ ထွက်ပေါ်

စကော့တလန်နိုင်ငံ အီဒင်ဘာ့ဂ်မြို့တော် ဈေးဆိုင်တဆိုင်ထဲမှာ လူတယောက် ဓားကိုင်ပြီး လုယက်နေတာကို ဆိုင်ရဲ့ စောင့်ကြည့်ကင်မရာကနေ ရုပ်သံရိုက်ကူးမိခဲ့ပါတယ်။ ရုပ်သံထဲမှာ ခေါင်းစွပ်အင်္ကျီဝတ် ဦးထုပ်ဆောင်းထားတဲ့ လူတယောက်က ငွေကောင်တာရှေ့ရပ်ပြီး အထဲက ဝန်ထမ်းကို ဓားကိုင် ခြိမ်းခြောက်နေပါတယ်။ လုယက်သူက တခုခုတောင်းဆိုပုံရပြီး ဝန်ထမ်းကို ဓားနဲ့ လှမ်းထိုးလိုက်ပါတယ်။ ကောင်တာထဲက ဝန်ထမ်းက ရှောင်လိုက်လို့ ကံကောင်းထောက်မစွာ ဓားဒဏ် မထိခဲ့ပါဘူး။ အကြမ်းဖက်သူက နောက်ဘက်က ဝင်လာတဲ့ ဈေးဝယ်သူတဦးကိုလည်း ဓားနဲ့ လှမ်းထိုးနေတာ ရုပ်သံထဲ မြင်ရပါတယ်။ အဲဒီနောက် လုယက်သူက ဓားနဲ့ ချိန်းကြိုးတခု ထုတ်ကာ ဆိုင်ဝန်ထမ်းကို ဆက်တိုက် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသလို ဝန်ထမ်းကလည်း ဘေ့စ်ဘောလ်တုတ်တံတချောင်း ကိုင်ပြီး ကာကွယ်နေရပါတယ်။ နောက်ဆုံးမှာ လုယက်သူ ဆိုင်ထဲက ထွက်ပြေးတာနဲ့ ရုပ်သံက အဆုံးသတ်သွားပါတယ်။ သည်ဆန်းသတင်းထဲမှာ ဝန်ထမ်းရဲ့ဗိုက်ကို ဓားနဲ့ထိုးမိသွားတယ်လို့ ဖော်ပြထားပြီး ဝန်ထမ်းရဲ့အခြေအနေ၊ လုယက်သူကို ဖမ်းမိ၊ မမိနဲ့ ဘယ်နေ့မှာ ဖြစ်ပျက်ခဲ့တယ်ဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
3 years Ago
Up