ဓားကိုင်ရမ်းကားသည့် ၁၄ နှစ်သားကို ရဲက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးသည့်ရုပ်သံ ပျံ့နှံ့

December 9, 2016

ဓားကိုင်ရမ်းကားသည့် ၁၄ နှစ်သားကို ရဲက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးသည့်ရုပ်သံ ပျံ့နှံ့ (ရုပ်သံ)

အမေရိကန်နိုင်ငံမှာ ကျောင်းသားတွေရှေ့ ဓားကိုင်ရမ်းကားခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် ဆယ်ကျော်သက်တဦးကို ရဲတွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဒီအဖြစ်အပျက်ဟာ နီဗားဒါးပြည်နယ်၊ ရီနိုမြို့မှာ ဖြစ်ခဲ့တာဖြစ်ပြီး အဲဒီဆယ်ကျော်သက်ဟာ ကျောင်းသားတွေရှေ့မှာ ဓားကိုဝှေ့ယမ်းကာ ရမ်းကားနေခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဒီဇင်ဘာ ၁၁ ရက်နေ့က ဖော်ပြပါတယ်။ လိုဂန်ကလာ့ခ်လို့အမည်ရတဲ့ အဲဒီဆယ်ကျော်သက်လူငယ်ဟာ လက်ရှိမှာတော့ သေနတ်ဒဏ်ရာကြောင့် အရေးပေါ်အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။ ဟပ်ဂ်ျအထက်တန်းကျောင်းရဲ့ အပြင်ဘက်မှာ ကျောင်းသားအုပ်စုရှေ့မှာ သူဟာ ဓားကို ဝှေ့ယမ်းနေခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ လိုဂန်ကလာ့ခ်ဟာ အုပ်စုကြီးဆီ ဦးတည်ပြီး ကပ်လာချိန်မှာ လူတယောက်က “နောက်ဆုတ်ကြ၊ နောက်ဆုတ်ကြ” လို့ အော်ဟစ်သတိပေးတဲ့ အသံကိုလည်း ကြားရပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ရဲ့ နောက်တနေရာမှာတော့ ထိခိုက်ဒဏ်ရာရထားတဲ့ လည်ပင်းကိုကိုင်ပြီး မြေပြင်ပေါ်မှာ လဲနေခဲ့တဲ့ သူ့ကို တွေ့ရပါတယ်။ ရဲအရာရှိဟာ သေနတ်ကို ကိုင်လျက်သား အနေအထားနဲ့ မတ်တပ်ရပ်နေခဲ့တာပါ။ ရီနိုရဲဌာနကတော့ အဆိုပါ ဆယ်ကျော်သက်ဟာ လက်နက်ချလိုက်ဖို့ အမိန့်ပေးတာကို ငြင်းဆန်ခဲ့တာမို့ ခုလိုဖြေရှင်းခဲ့ရတာလို့ ပြောပါတယ်။  
5 years Ago
Up