ဓာတ်လိုက်

July 4, 2020

ချောက်တွင် ၂ ရက်အတွင်း လူ၂ ဦး ဓာတ်လိုက် သေဆုံး

မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ နှစ်ရက်အတွင်း ဓာတ်လိုက်မှုကြောင့် လူ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင် ၃ ရက်နေ့ညနေပိုင်းက အမှတ် ၁၄ စစ်ကွင်းရပ်မှာ ဇနီးဖြစ်သူက မိုးရွာနေစဉ် နေအိမ်ဝင်းအတွင်း ရေလွှဲမြောင်းဖော်ဖို့ ပေါက်ပြားနဲ့ မြေကြီးပေါက်စဉ် ပြတ်ကျနေတဲ့ ဖုန်းကြေးနန်းကြိုကို ပေါက်မိပြီး ဓာတ်လိုက်အော်ဟစ်နေတာကြောင့် ခင်ပွန်းဖြစ်သူ စိုးသူရကျော်က ပြေးဝင်ကူညီရာမှ လက်နဲ့ကိုင်မိပြီး ဓာတ်လိုက်သေဆုံးခဲ့တာလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ မိုးရွာပြီးသစ်ပင်ဖိလို့ လျှပ်စစ်ဓာတ်အားလိုင်းကြိုးက ​ဖုန်းကြေးနန်းကြိုးပေါ် လျှပ်စစ်ကူးနေတာလို့ ဆိုပါတယ်။ ဇူလိုင် ၁ ရက်နေ့ ညနေပိုင်းကလည်း အမှတ် ၁၀ အေးစေတီရပ်ကွက်ရှိ ချောင်းရိုးငယ်အတွင်း ကြက်ပြောက်လို့ လိုက်ရှာသူ ချောင်းကူးရေပိုက်အား အောက်မှကုန်းဖြတ်စဉ် ခန္ဓာကိုယ်နဲ့ ထိပြီး ဓာတ်လိုက်ခဲ့တာကြောင့် ချောက်မြို့ပြည်သူဆေးရုံ အရောက်မှာ သေဆုံးသွားခဲ့ပါတယ်။  ရေပိုက်အား အောက်ကိုတွဲမကြစေဖို့ သွပ်နန်းကြိုးနဲ့ သစ်ပင်နှစ်ပင် ဆိုင်းကြိုးပြုလုပ်ထားတာဖြစ်ပြီး သွပ်နန်းကြိုးကို လျှပ်စစ်စီး ဝင်နေတာကြောင့် ဓာတ်လိုက်ခံခဲ့ရတာလို့ ဒေသခံတဦးက ပြောပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ချောက်မြို့မရဲစခန်းမှာ သေမှုသေခင်းနဲ့ အမှုဖွင့်လှစ် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ကိုလင်း(ချောက်)
10 months Ago

May 7, 2020

မန္တလေးတွင် မန်ကျည်းရွက်တက်ခူးသည့် အမျိုးသား ၁ ဦး ဓာတ်လိုက် သေဆုံး

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ မှိုင်းလုံ ဘုန်းကြီးကျောင်းအနီးက မန်ကျည်းပင်ပေါ်ကို မန်ကျည်းရွက်တက်ခူးရာက အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးသွားတယ်လို့ အမှတ် ၂ နယ်မြေရဲစခန်းကနေ သိရပါတယ်။ သေဆုံးသူဟာ မန်ကျည်းပင်စောင့်ကျေးရွာက ကိုချစ်စန်းမောင်ဖြစ်ပြီး မေလ ၅ ရက် မနက် ၁၁ နာရီလောက်က  မှိုင်းလုံဘုန်းကြီးကျောင်းအနီးရှိ မန်ကျည်းပင်ပေါ်ကိုတက်ပြီး  အရွက်တက်ခူးစဉ် ဓာတ်ကြိုးနဲ့ထိနေတဲ့ မန်ကျည်းကိုင်းကို လှမ်းဆွဲရာက ဓာတ်လိုက်ကာ သစ်ပင်ပေါ်မှာပဲ သေဆုံးနေတာ ဖြစ်ပါတယ်။ သေဆုံးသူဟာ လက်နဲ့  ဒူးတွေမှာ ညိုမည်းအရာတွေ ဖြစ်ပေါ်နေတယ်လို့လည်း သိရပါတယ်။ အခုလို သေဆုံးမှုနဲ့ ပတ်သက်ပြီး အမှတ် ၂ နယ်မြေရဲစခန်းမှာ ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်မဟုတ် စစ်ဆေးနေပါတယ်။ ထိန်ထိန်လင်း
11 months Ago
Up