ဓာတ်ရောင်ခြည်အဆိပ်သင့်မှု

March 9, 2020

ဖူကူရှီးမားဒေသထွက် ငါးများတွင် ဓာတ်ရောင်ခြည်အဆိပ်သင့်မှု ရှိ၊ မရှိ စစ်ဆေးနေ

ဒီနှစ်နွေရာသီမှာ ကျင်းပမယ့် တိုကျိုအိုလံပစ်ပွဲတော်အတွက် ဖူကူရှီးမားဒေသက ထွက်ရှိတဲ့ငါးတွေမှာ ဓာတ်ရောင်ခြည်အဆိပ်သင့်မှု ရှိ၊ မရှိကို စစ်ဆေးနေပါတယ်။ တိုကျိုအိုလံပစ်မှာ တချို့ပြိုင်ပွဲတွေက ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးစက်ရုံကနေ ကီလိုမီတာ ၆၀  (၃၈ မိုင်) အကွာအဝေးလောက်ပဲ ရှိတဲ့နေရာတွေမှာ ကျင်းပမှာမို့ အာဏာပိုင်တွေက အခုလို ပြင်ဆင်နေတာပါ။ ဖူကူးရှီးမား ဓာတ်အားပေးစက်ရုံဟာ လွန်ခဲ့တဲ့ ၉ နှစ်က ဓာတ်ရောင်ခြည်ယိုစိမ့်မှု ဖြစ်ခဲ့တာပါ။ အိုလံပစ်အတွက် ဆော့ဖ်ဘောနဲ့ ဘေ့စ်ဘောပြိုင်ပွဲတွေကို ဖူကူရှီးမားမြို့တွင်းက အားကစားရုံတချို့မှာ  ကျင်းပသွားမှာဖြစ်ပြီး မီးရှူးတိုင် သယ်ဆောင်တဲ့ အခမ်းအနားကိုတော့ J-Village လို့ ခေါ်တဲ့ နေရာမှာ ပြုလုပ်မှာပါ။ နွေရာသီမှာ ပြုလုပ်မယ့် တိုကျိုအိုလံပစ်မှာ တောင်ကိုရီးယား အားကစားအဖွဲ့ကတော့ သူတို့ကိုယ်ပိုင် ဓာတ်ရောင်ခြည်စစ်ဆေးရေးကိရိယာတွေနဲ့ အားကစားသမားတွေအတွက် အစားအသောက်တွေကို ယူဆောင်လာမှာ ဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။ 
2 years Ago
Up