ရက်ပေါင်းများစွာ လူမြင်ကွင်းက ပျောက်ဆုံးနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ဓာတ်ပုံတွေကို့ မေ ၂ ရက်နေ့မှာ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ထုတ်ပြန်လိုက်ပါတယ်။
ဓာတ်ပုံတွေထဲမှာ ကင်ဟာ ပြုံယမ်းမြို့တော် မြောက်ဘက်က ဓာတ်မြေဩဇာစက်ရုံတရုံကို သွားရောက်ဖွင့်လှစ်ပေးနေပါတယ်။ ပုံတွေထဲမှာ သူဟာ လက်ထောက်တွေနဲ့အတူ ပြုံးရွှင်စွာ စကားပြောနေပြီး စက်ရုံထဲလည်း လှည့်လည်ကြည့်ရှုခဲ့ပါတယ်။
ကင်ဂျုံအန်းဟာ သူ့အဘိုးဖြစ်သူ ကင်အီဆွန်းရဲ့ မွေးနေ့ နှစ်ပတ်လည် ဧပြီ ၁၅ ရက်နေ့ အခမ်းအနား တွေကို တက်ရောက်ခြင်းမရှိခဲ့ဘဲ လူမြင်ကွင်းက ပျောက်ဆုံးနေခဲ့တာပါ။
ဒီလို အရေးကြီးတဲ့ နှစ်ပတ်လည်ပွဲမှာ သူ့ကို မတွေ့ရတဲ့အတွက်၊ တောင်ကိုရီးယား မီဒီယာတွေက ကင်ဟာ နှလုံးရောဂါဆိုင်ရာခွဲစိတ်မှုလုပ်နေတာလို့ ဖော်ပြခဲ့ကြပါတယ်။
အခု နိုင်ငံပိုင်မီဒီယာမှာ ကင်ရဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာတာကို အစစ်အမှန် ဟုတ်၊ မဟုတ် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ရိုက်တာသတင်းက ရေးထားပါတယ်။
10 months Ago