ဓာတ်ပေါင်းစု စေတီတော်မြတ်

October 14, 2019

သမိုင်း၀င် ဓာတ်ပေါင်းစု စေတီတော်မြတ်အား ဆီမီး တထောင်၊ ပန်း တထောင် ဖြင့် ပူဇော်

ရခိုင်ပြည်နယ်၊ မောင်‌တောမြို့ ၃ မိုင်ရှိ သမိုင်း၀င် ဓာတ်ပေါင်းစု စေတီတော်မြတ်ကြီးအား အောက်တိုဘာလ ၁၃ ရက် ‌သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းက ဆီမီးတထောင်၊ ပန်းတထောင်နဲ့ ပူဇော်ပသခဲ့ကြပါတယ်။ “ရည်ရွယ်ချက်ကတော့ ဗုဒ္ဓဓာတ်တော်မွေတော်တွေကို စုပေါင်းဌာပနာပြီး တည်ထားတဲ့ ဓာတ်ပေါင်းစုစေတီကို အခုလို သီတင်းကျွတ်လပြည့်နေ့တိုင်း အစဉ်အလာမပျက်ရအောင် ကျင်းပရတာ ဖြစ်သလို ဗုဒ္ဓဘာသာ၀င်လူငယ်များ လက်ဆင့်ကမ်း ထိန်းသိမ်းတတ်အောင် ဗုဒ္ဓဘာသာ ရေရှည်တည်တံ့ဖို့ ဖြစ်တယ်” လို့ ၃ မိုင် ဓာတ်ပေါင်းစုကျောင်းထိုင်ဆရာတော် ဦးစန္ဒာသီရီက မိန့်ကြားပါတယ်။ သမိုင်း၀င် ဓာတ်ပေါင်းစု စေတီတော်မြတ်အား ဆီမီးတထောင်၊ ပန်းတထောင် ပူဇော်ပွဲကို မောင်တောမြို့ပေါ်မှ ဗုဒ္ဓဘာသာ၀င်တွေသာမက ၃ မိုင်အနီး သိဟိုလ်အေးကျေးရွာမှ မြိုလူမျိုးတွေလည်း ပါဝင်ပူဇော်ခဲ့ကြပါတယ်။ မောင်‌တောမြို့ ၃ မိုင်ရှိ သမိုင်း၀င် ဓာတ်ပေါင်းစု စေတီတော်မြတ်ကြီးအား ရခိုင် မင်းဘာဘုရင် တည်ထားကိုးကွယ်ခဲ့တဲ့ သမိုင်း၀င်စေတီတဆူလည်း ဖြစ်ပါတယ်။ စေတီတော်မြတ်ကြီးကို ဆီမီးတထောင်၊ ပန်းတထောင် ပူဇော်ခဲ့တာ ဒီနှစ်အပါအဝင် နှစ်ပေါင်း ၃၀ ရှိပြီလို့ သိရပါတယ်။ ကောင်းကောင်း
2 years Ago
Up