ဓာတ်ပုံ ၇၅၀၀

June 19, 2020

မွေးနေ့ဆုတောင်းဓာတ်ပုံ ၇၅၀၀ ဖြင့် ဖန်တီးထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ရုပ်ပုံပိုစတာ  

ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၅ နှစ်ပြည့် စိန်ရတုမွေးနေ့အထိမ်းအမှတ် ဓာတ်ပုံပေါင်း ၇၅၀၀ နဲ့ ဖန်တီးထားတဲ့ 3D ရုပ်ပုံ ကားချပ် ဆိုင်းဘုတ်ကြီးတွေကို ရန်ကုန်မြို့ လသာလမ်းနဲ့ အနော်ရထာလမ်းထောင့်၊ ပြည်လမ်းကုန်းကျော်အဆင်းနဲ့  တာမွေအဝိုင်းလမ်းဆုံမှာ ဒီနေ့ တပ်ဆင်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းစာရွက်ကိုင်ဆောင်ကာ ဓာတ်ပုံ ရိုက်ထားတဲ့ လူပေါင်း ၇၅၀၀ ရဲ့ ဓာတ်ပုံနဲ့ ပုံဖော်ထားတဲ့ ဆိုင်းဘုတ်ကြီးကို သူ့ကို ချစ်ခင်လေးစားတဲ့ ပြည်သူတွေက လူစည်ကားရာနေရာတွေမှာ  အမှတ်တရချိတ်ဆွဲထားခဲ့ကြတာလည်း ဖြစ်ပါတယ်။ Photo - Ye Myo Khant / MPA
12 months Ago
Up