ဓာတ်ပုံများ

October 16, 2019

ကင်ဂျုံအွန်း မြင်းဖြူစီးသည့် ဓာတ်ပုံများ မြောက်ကိုရီးယားနိုင်ငံပိုင် ရုပ်သံတွင် ပြသ

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဟာ  ကင်မ်မင်းဆက် စတင်ပေါက်ဖွားရာ မြောက်ကိုရီးယားရဲ့ အမြင့်မြတ်ဆုံး တောင်ဖြစ်တဲ့  ပိတ်ထူ နှင်းဖုံး တောင်ပေါ်မှာ တယောက်ထဲ မြင်းစီးနေတာက မူဝါဒပိုင်း အပြောင်းအလဲ ဖြစ်နိုင်တဲ့ နိမိတ်ပုံအဖြစ် ပြောရင်း သူ့ဓာတ်ပုံတွေကို နိုင်ငံပိုင်  KCNA သတင်းဌာနက အောက်တိုဘာ ၁၆ ရက်မှာ ပြသခဲ့ပါတယ်။  ကင်မ်ဟာ ကြီးမားတဲ့ လုပ်ငန်းဆောင်တာကြီးတခုကို စီမံကိန်းဆွဲနေတယ်လို့ ကင်မ်ရဲ့ လက်ထောက်တွေက  ယုံကြည်နေကြကြောင်းလဲ KCNA သတင်းက ပြောပါတယ်။ ဒါဟာ ကိုရီးယား တော်လှန်ရေးသမိုင်းမှာ အရေးကြီး ဖြစ်စဉ်တခုပဲလို့ KCNA က အစီရင်ခံပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ လုပ်ငန်းဆောင်တာမှာ ဘာတွေ ပါဝင်မှန်း  သေချာ မသိရပေမယ့် ကင်မ်ဟာ မူဝါဒကြီးတွေ ချမှတ်တဲ့အခါတိုင်း အဲဒီမြင့်မြတ်တဲ့ တောင်ပေါ်ကို မကြာခဏ သွားလေ့ရှိပါတယ်။ ၂၀၁၇ ခုနှစ် နှောင်းပိုင်းတုန်းကအကြီးဆုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးပျံကို  မြောက်ကိုရီးယားက စမ်းသပ် ပစ်လွှတ်ပြီး ရက်ပိုင်းအကြာနဲ့ တောင်ကိုရီးယားနဲ့ စေ့စပ်ဆွေးနွေးဖို့ တံခါးဖွင့်ပေးတဲ့ နှစ်သစ်ကူး မိန့်ခွန်းမပြောမီ သီတင်းပတ် အလိုတုန်းကလည်း ကင်မ်ဟာ ပိတ်ထူတောင်ပေါ် သွားရောက်ခဲ့ပါတယ်။
2 years Ago
Up