မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
ဓာတ်ပုံပေါင်း ၇၅၀၀
Home
ဓာတ်ပုံပေါင်း ၇၅၀၀
A
d
v
e
r
t
i
s
e
m
e
n
t
With Us
June 19, 2020
1.1K
ဒေါ်အောင်ဆန်းစုကြည်၏ (၇၅) နှစ်မြောက်မွေးနေ့အမှတ်တရ ဓာတ်ပုံပေါင်း ၇၅၀၀ ဖြင့် 3D ရုပ်ပုံကားချပ်ဖန်တီး
ဇွန်လ ၁၉ ရက်မှာကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၅) နှစ်မြောက်စိန်ရတုမွေးနေ့ အမှတ်တရ လူပေါင်း ၇၅၀၀ ရဲ့ မွေးနေ့ဆုတောင်း ဓာတ်ပုံတွေနဲ့ ပုံဖော်ထားတဲ့ 3D ရုပ်ပုံကားချပ်ကို
http://amaysu.org
ဝက်ဘ်ဆိုက်မှာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၇၄ နှစ်ပြည့် မွေးနေ့မှာ လူပေါင်း ၇၄၀ ယောက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကြီးတစ်ပုံကို စုပေါင်းပုံဖော်ခဲ့ကြပေမဲ့ ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ရောဂါကြောင့် လူစုလူဝေးနဲ့ ဆောင်ရွက်လို့ မရနိုင်တဲ့အတွက် မွေးနေ့ဆုတောင်းတွေ ရေးသားထားတဲ့ စာရွက်ကို ကိုင်ဆောင်ပြီး ရိုက်ထားတဲ့ လူပေါင်း၇၅၀၀ ရဲ့ ဓာတ်ပုံတွေနဲ့ ဖန်တီးခဲ့တာပါ။
ဒီအစီအစဉ်ကိုလုပ်ဆောင်ခဲ့သူ တစ်ဦးဖြစ်တဲ့ ထင်ရှားတဲ့ စီစဉ်တင်ဆက်သူ ကိုမောင်မောင်အေးက “ ကမ္ဘာအနှံ့က အမေ့သား သမီး ၇၅၀၀ ရဲ့ ဆုတောင်းမေတ္တာစာသားတွေနဲ့ပုံပေါင်း ၇၅၀၀ စုထားပြီး အမေဒေါ်အောင်ဆန်းစုကြည် ပုံဖော်ထားတဲ့ ၇၅ နှစ်ပြည့် စိန်ရတုမွေးနေ့အမှတ်တရ ရုပ်ပုံကားချပ်လေးမှာ ကိုယ့်ပုံက ဘယ်နေရာမှာပါသလဲဆိုတာ ရှာဖွေကြည့်ရှုနိုင်တယ်”လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ သတင်းစကားပါးထားပါတယ်။
အဆိုပါ 3D ဓာတ်ပုံကို နေ့မအိပ် ညမအိပ် အပင်ပန်းခံကာ အကောင်းဆုံးဖြစ်အောင် ကြိုးစားဖန်တီးပေးတဲ့ ကိုညီလင်းဆက် Nyi Lynn Seck ကို လေးစားစွာကျေးဇူးမှတ်တမ်းတင်ရပါတယ်လို့လည်း ကိုမောင်မောင်အေးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းဓာတ်ပုံတွေကို OurLeader75 ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ဖိတ်ခေါ်ခဲ့ရာမှာ အမျိုးသမီး၊ အမျိုးသား၊ ကလေးသူငယ်တွေ အပါအဝင် လူထုလူတန်းစားပေါင်းစုံက ပေးပို့ခဲ့ကြတာဖြစ်ပါတယ်။
မွေးနေ့ဆုတောင်း ဓာတ်ပုံပေးပို့ရာမှာ ပါဝင်သူခဲ့တဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်က “ အမေစုရဲ့ ဓာတ်ပုံ ဟော့ဒီကားချပ်ကြီးထဲမှာ ကျွန်မဓါတ်ပုံ ပါတယ်ဆိုတဲ့အသိက ကြည်နူးပီတိဖြစ်ရပါတယ်။ ဘယ်သူပါတယ်ဆိုတာ တစ်ပုံခြင်းထောက်ပြလို့မရပေမဲ့ အားလုံးရဲ့ပေါင်းစည်း ညီညွတ်မှု၊ ရင်ဘတ်ခြင်းတူညီမှုတို့ဟာ အနာဂါတ်မြန်မာပြည်အတွက် လှပတဲ့အတွေးကိုပေးစေပါတယ်”လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၅)နှစ်ပြည့် စိန်ရတုမွေးနေ့ အထိမ်းအမှတ် ဆွမ်းကပ်လှူဒါန်းပွဲတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးတွေမှာ ပြုလုပ်ခဲ့သလို နေပြည်တော်မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာလည်း အိမ်သူအိမ်သားတွေနဲ့အတူ မွေးနေ့ပွဲလေးပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်မှာတော့ နေအိမ်တိုက်ခန်းတချို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့အထိမ်းအမှတ် ရုပ်ပုံကားချပ်တွေချိတ်ဆွဲထားတာရှိသလို YBS 75 ဘတ်စ်ကားတွေ အခမဲ့ပြေးဆွဲပေးနေတာလည်း ရှိပါတယ်။
9 months Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up