ဓာတ်ဆီ

April 7, 2020

ဗင်နီဇွဲလားနိုင်ငံတွင် အသွားအလာ ကန့်သတ်မှုကြောင့် ဓာတ်ဆီရရှိရန် ခက်ခဲ

ဗင်နီဇွဲလားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် မပြန့်စေရေးအတွက် အစိုးရက အသွားအလာ ကန့်သတ်တာတွေ အကောင်ထည်ဖော်ကတည်းက ဓာတ်ဆီရရှိရေးဟာ ပြည်သူတွေအတွက် အခက်အခဲတခု ဖြစ်လာပါတယ်။ ဓာတ်ဆီတင်သွင်းမှု ကျဆင်းပြီးနောက်မှာ  ပြတ်လပ်တာတွေ ပိုမိုဆိုးလာတာကြောင့် ဧပြီလ  ၆ ရက်က မြို့တော် ကာရာကတ်စ်မှာ ဒေါသထွက်နေကြတဲ့ ဒရိုင်ဘာတွေဟာ ဓာတ်ဆီအတွက် နာရီနဲ့ချီ တန်းစီနေရပါတယ်။ သမ္မတ နီကိုးလပ်စ်မာဒူရိုကို ဖြုတ်ချရေးအတွက် တွန်းအားပေးတဲ့အနေနဲ့ အမေရိကန်က  ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံကုမ္ပဏီ PDVSA ကို အရေးယူဒဏ်ခတ်ထားတာမို့ ဗင်နီဇွဲလားဟာ လောင်စာင် တင်သွင်းဖို့ ပိုမိုခက်ခဲသွားပါတယ်။ အကျိုးဆက်အနေနဲ့ ဓာတ်ဆီ ပြတ်လပ်တာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပါတယ်။ ဓာတ်ဆီဆိုင်တွေဟာ စစ်မှုထမ်းတွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး ရိက္ခာ၊ ဆေးဝါးဖြန့်ဝေရေး၊ လုံခြုံရေးနဲ့ ဆေးခန်းပြသဖို့ အရေးတကြီး လိုအပ်တဲ့ လူနာတွေ အစရှိသဖြင့် ဦးစားပေးကဏ္ဍ အလိုက်သာ ဝင်ခွင့်ပြုပါတယ်။ ဆေးဝါး၊ လျှပ်စစ်နဲ့ ရေပြတ်လပ်တာတွေ ကြုံတွေ့နေတဲ့ ဗင်နီဇွဲလားမှာ ဧပြီလ ၆ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ဖြစ်သူ ၁၄၄ ယောက် ရှိပြီး သေဆုံးသူ ၃ ယောက်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
1 year Ago
Up