.ဓာတ်ငွေ့ယိုစိမ့်

January 29, 2021

ဂျော်ဂျီယာရှိ အသားထုတ်စက်ရုံတွင် ဓာတ်ငွေ့ယိုစိမ့်သဖြင့် လူ ၆ ဦး သေဆုံး

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်က အသားထုတ်လုပ်ရေး စက်ရုံ တစ်ခုမှာ နိုက်ထရိုဂျင်အရည် ယိုစိမ့်မှုဖြစ်ခဲ့တာကြောင့် လူ ၆ ယောက်ထက်မနည်း သေဆုံးတယ်လို့ တာဝန်ရှိသူတွေက ဇန်နဝါရီ ၂၈ ရက်မှာ ပြောပါတယ်။ 

ပြည်နယ်အရှေ့မြောက်ပိုင်းက ဂိန်းစ်ဗေးလ် အသားထုတ်လုပ်ရေး စက်ရုံမှာ ဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်ခဲ့ပြီး ၁၀ ယောက်ထက်မနည်းကို ဆေးရုံပို့ဆောင်ခဲ့ရပါတယ်။ 

ဇန်နဝါရီ ၂၈ ရက် မနက် ၁၀ နာရီ ဝန်းကျင်က    အတ္တလန်တာမြို့ကနေ မိုင် ၆၀ အကွာ   Prime Pak Foods facility မှာ ဓာတ်ငွေ့ ယိုစိမ့်မှု ဖြစ်ခဲ့တယ်လို့ မီးသတ်တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။ 

စက်ရုံက လူ ၁၃၀ ထက် မနည်းကိုလည်း အနီးဝန်းကျင် ဘုရားကျောင်းကို ရွှေ့ပြီး ဆေးဘက်စောင့်ရှောက်မှု ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး  ရိုက်တာက တင်ပြပါတယ်။ 

9 months Ago
Up