ဓာတ်ခွဲ အတည်ပြုလူနာသစ်

A d v e r t i s e m e n t With Us

June 9, 2020

ဓာတ်ခွဲနမူနာ  ၇၄၀ ခုကို  စစ်ဆေးချက်အရ  ကိုဗစ်-၁၉  ရောဂါ လူနာသစ် မတွေ့ရှိ

ဓာတ်ခွဲနမူနာ စုစုပေါင်း ၇၄၀ ခုကို ဒီကနေ့ ဇွန်လ ၉ မနက်က စစ်ဆေးပြီးစီးခဲ့ရာမှာ ကိုဗစ်-၁၉  ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် မတွေ့ရှိရဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၅၇၇ ခု နဲ့  ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော် ဆေးရုံကြီး၊ ခုတင် (၁၀၀၀)မှ ဓာတ်ခွဲနမူနာ ၁၆၃ ခု  စုစုပေါင်း ၇၄၀ ခုတို့အား ဒီကနေ့မနက်က  စစ်ဆေးပြီးစီးခဲ့ရာမှာ လူနာသစ် မတွေ့ရှိရတာပါ။ မနေ့ညကတော့ မောင်တောမြို့နယ်မှာ အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်ပြန်  အသက် ၂၅ နှစ်အရွယ်အမျိုးသား တစ်ဦးမှာ ကိုဗစ်-၁၉  ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ မေလ ၉ ရက် မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  အတည်ပြုလူနာပေါင်း  ၂၄၄ ဦး၊ သေဆုံးသူ ၆ ဦး၊  ရောဂါပိုးကင်းစင်လာသူ  ၁၅၉ ဦးရှိပြီး ဒီအထဲက ၁၃၈ ဦး ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ PHOTO -Theingi Win Myat
9 months Ago
Up