ဓာတ်ခွဲနမူနာ ၁

August 3, 2020

ဓာတ်ခွဲနမူနာ ၁,၂၃၂ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ စောင့်ကြည့်လူနာအသစ် ၁၆ ဦးရှိ

သြဂုတ် ၂ ရက်နေ့အတွက ဓာတ်ခွဲနမူနာ ၁,၂၃၂ ခုကို နှစ်သုတ်ခွဲစစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၉၀၉ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနက ၁၁၇ ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ က ဓာတ်ခွဲနမူနာ ၂၀၆ ခု၊ စုစုပေါင်း ၁,၂၃၂ ခုအား စစ်ဆေးခဲ့တာပါ။ နိုင်ငံခြားက ပြန်လာသူတွေကို ဓာတ်ခွဲနမူနာ စစ်ဆေးရာမှာ ဇူလိုင် ၃၀ ကနေ ဒီနေ့အထိ လူနာသစ် မတွေ့ရှိရဘူးလို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၅၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၉၈ ဦးထဲက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၂၈၅ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၁၆ ဦးရှိပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၈ သန်းကျော်၊ သေဆုံးသူ ၆၉၂၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၁ ဒသမ ၄ သန်းကျော်ရှိပြီလို့ သိရပါတယ်။
9 months Ago

July 20, 2020

ဓာတ်ခွဲနမူနာ ၁,၄၁၉ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ် မတွေ့

ဇူလိုင် ၁၉ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၁,၄၁၉ ခုကို နှစ်သုတ်ခွဲ စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် မတွေ့ရဘူးလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲ နမူနာ ၁,၀၅၇ ခု၊ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၁၇၄ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၁၈၈ ခု၊ စုစုပေါင်း (၁,၄၁၉) ခုကို စစ်ဆေးခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၄၁ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၇၆ ဦးထဲက ဆေးရုံဆင်းခွင့်ရသူ ၂၆၂ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၉ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄ ဒသမ ၆ သန်းကျော်၊ သေဆုံးသူ ၆၀၈,၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၈ ဒသမ ၇ သန်းကျော်ရှိတယ်လို့ သိရပါတယ်။
10 months Ago
More News
Up