ဓာတ်ခြွနမူနာ

September 27, 2020

၁၀ နှစ်ကလေး  ၁ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာ ၂၈ ဦး ထပ်မံသေဆုံး၊ လူနာသစ် ၇၄၃ ဦး တွေ့ရှိ

အသက် ၁၀ နှစ်ရွယ်ကလေးငယ် ၁ ဦးအပါအဝင် လူနာ ၂၈ ဦး ထပ်မံသေဆုံးခဲ့ပြီး လူနာသစ် ၇၄၃ ဦး တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၂၆ ရက်နေ့ ည ၈ နာရီကနေ ၂၇ ရက်နေ့ ည  ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း  ၅,၂၇၂ ခုအား စစ်ဆေးပြီးစီးခဲ့တာပါ။ သေဆုံးသွားတဲ့ ၂၈ ဦးထဲမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့ ၁၀ နှစ်အရွယ်ကလေး ယောကျ်ာလေး လူနာအမှတ် ၉၇၂၃ ဟာ စက်တင်ဘာ ၂၄ ရက် ညနေ ၅ နာရီ ၁၅ မိနစ်က သေဆုံးသွားတယ်လို့ ဆိုပါတယ်။ သေဆုံးသွားသူတွေကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသနေတဲ့ လူနာ အမှတ် ၈၆၈၄၊  ၈၀၃၅၊ ၈၆၈၃၊ ၉၆၉၉၊ ၉၆၉၂၊ ၉၇၀၁၊ ၉၇၀၂၊ ၉၇၀၅၊ ၉၆၉၄၊ ၉၇၂၇၊ ၉၇၃၀၊ ၉၇၃၁၊ ၉၇၂၆၊ ၉၇၂၉၊ ၉၇၂၈၊ ၉၇၂၅၊ လူနာအမှတ် ၉၇၃၃ စတဲ့ လူနာတွေဖြစ်ပါတယ်။ မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးက လူနာအမှတ် ၂၄၇၄၊ ဝေဘာဂီအထူးကုဆေးရုံကြီးက လူနာအမှတ် ၅၄၀၁ နဲ့ ၄၄၀၀၊ ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) က လူနာမှတ် ၅၁၂၀ နဲ့ ၁၆၆၆၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးက လူနာအမှတ် ၉၇၆၈ နဲ့ ၉၇၈၃၊ ကုတင် (၅၀၀) အထူးကုဆေးရုံကြီး (ရန်ကုန်) က လူနာအမှတ် ၈၄၉၄ နဲ့ ၈၄၈၇၊ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးက လူနာအမှတ် ၉၃၂၈ တို့ သေဆုံးခဲ့ပါတယ်။ သေဆုံးသွားတဲ့လူနာတွေဟာ အသက် ၃၁ နှစ်အရွယ်ကနေ အသက် ၈၉ နှစ်အထိ အရွယ်တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ  ၁၀,၇၃၄ ဦး၊ သေဆုံးသူ ၂၂၆ ဦး၊ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေထဲက ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးသူ ၂,၈၆၂ ဦး ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၃ သန်းကျော်၊ သေဆုံးသူ ၉၉၉၅၇၂ ဦးနဲ့ ရောဂါသက်သာပျောက်ကင်းသူ ၂၄ ဒသမ ၄ သန်းကျော်ရှိပြီလို့ သိရပါတယ်။
8 months Ago

September 19, 2020

ကိုဗစ်-၁၉ လူနာသစ် ၂၄၉ ဦး ထပ်မံတွေ့ရှိ၊ လူနာစုစုပေါင်း ၄,၈၇၀ ရှိလာ

စက်တင်ဘာ ၁၉ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၂,၁၆၆ ခုအား ပထမသုတ် စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၄၉ ဦး ထပ်မံတွေ့ရှိပြီး စုစုပေါင်း လူနာ ၄,၈၇၀ ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ၈၁၅ ခု၊ ဆေးသုတေသနဦးစီးဌာန က ၂၃၆ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၅၂၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က အခု ၂၄၀၊ စစ်တွေမြို့  ပြည်သူ့ဆေးရုံကြီးက ၆၄ ခု၊ ကျောက်ဖြူမြို့  ပြည်သူ့ဆေးရုံကြီးက ၈ ခု၊ ဗန်းမော်မြို့ ပြည်သူ့ဆေးရုံကြီးက အခု  ၂၀၊ မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီးက ၃ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် ၁၀၀၀ က ၁၈ ခုနဲ့ နေပြည်တော် အမှတ် ၂ တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ က ၂၃၀ ခု၊ စုစုပေါင်း ၂,၁၆၆ ခုအား ဒီနေ့က စစ်ဆေးပြီးစီးခဲ့ပြီး လူနာသစ် ၂၄၉ ဦး တွေ့ရှိခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄,၈၇၀၊ သေဆုံးသူ ၈၁ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးသူ ဓာတ်ခွဲအတည်ပြု လူနာဟောင်း ၁,၁၈၈ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၃၂၈ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၀ ဒသ ၇ သန်းကျော်၊ သေဆုံးသူ ၉ သိန်း ၅ သောင်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၂၂ ဒသမ ၃ သန်းကျော်ရှိတယ်လို့ သိရပါတယ်။
8 months Ago
More News
Up