ဓာတ်မြေသြဇာ

August 2, 2017

ဓာတ်မြေသြဇာ အိတ်ခွံဖြင့် ထည့်ထားသည့် ဆန်ချက်စားမိ၍ လူ ၆ ဦး အစာဆိပ်သင့်

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် အမှတ်-၁ ရပ်ကွက်မှာ သြဂုတ် ၁ ရက်၊ နေ့လယ် ၂ နာရီက ရွှေဝါနှံတံဆိပ်ပါ ကျောက်မှုန့်ဓာတ် မြေသြဇာအိတ်အခွံထဲ ထည့်ထားတဲ့ဆန်ကို ချက်စားမိလို့ မိသားစု ၆ ဦး အစာအ ဆိပ်သင့်တယ်လို့ ဝမ်းတွင်းဆေးရုံက ပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ အမှတ်-၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခိုင်ကိုလတ်က “တောင်သူလယ်ယာသုံး မြေဆွေး၊ ကျောက်မှုန့်၊ ပိုးသတ်ဆေး ရောထားတဲ့ ဓာတ်မြေသြဇာအိတ် အခွံနဲ့ ဆန်ဝယ်ပြီး ထည့်တယ်။ အဒီထဲကဆန်ကို ချက်စားမိလို့ အရင်နေ့ကတည်းက ၅ တန်းကျောင်းသား သန်းလင်းအောင်၊ သူငယ်တန်းကျောင်းသူ ဧပရယ်မိုး၊ ၂ နှစ်သမီး ဝဿန်မိုး တို့ မူးပြီး အော့အန်လို့ ဆေးရုံပို့ရတယ်။ အကြီး ၂ ယောက်ကသက်သာတယ်။ ၂ နှစ်သမီးကတော့ မိတ္ထီလာဆေးရုံ ပြောင်းတက်ရတယ်။ ဒီနေ့တော့ ဦးလှငွေနဲ့ ဒေါ်ပြုံး ကိုမင်းသိန်းတို့ ထပ်ဖြစ်တယ်။ ဦးလှငွေ နဲ့ ကိုမင်းသိန်းတို့က သက်သာပြီ ဒေါ်ပြုံးကတော့ ဝမ်းတွင်းဆေးရုံမှာ ဆေးဆက်ကုနေတယ်” လို့ ပြောပါတယ်။ မြို့နယ်ဆရာဝန်ကြီးက “ကျန်မာရေးဝန် ထမ်းတွေနဲ့ အကူအညီပေးနေပါတယ်။ အစာတွေ ဓာတ်ခွဲခန်း ပို့ဖို့ ယူထားတယ်” လို့ ပြောပါတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်ကလည်း အမှတ်-၁ ရပ် ကွက်ထဲမှာပဲ မိသားစု ၆ ဦး အစာအဆိပ်သင့်မှု  ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
4 years Ago

December 16, 2015

ဆီးမှ ဘေးထွက်ဆိုးကျိုးနည်း ဓာတ်မြေသြဇာ ဖန်တီး

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာတွေဟာ အသွင်ပြောင်း အာဟာရဓာတ်ဆားတွေ ကြွယ်ဝတဲ့ ဆီးကနေ ဘေးထွက်ဆိုးကျိုးနည်း ဓာတ်မြေသြဇာဖြစ်အောင်လုပ်တဲ့ နည်းပညာသစ်ကို ဖန်တီးလိုက်ကြပါတယ်။ ဖလော်ရီဒါတက္ကသိုလ် ဘောလုံးအားကစားရုံဟာ ဝါသနာအိုး အယောက် ၉ သောင်းအတွက် နေရာပေးထားပြီး ပွဲကျင်းပဖို့ ရှိနေတာပါ။ ဒီပွဲစဉ်တွေဆီလာတဲ့ လူအားလုံးဟာ ဘေးထွက်ဆိုးကျိုးနည်း ဖွံ့ဖြိုးတိုးတက်ရေး သိပ္ပံစမ်းသပ်မှုကြီးရဲ့ အစိတ်အပိုင်း ဖြစ်လာမှာပါ။ ဆီးထဲမှာ နိုက်ထရိုဂျင် ဖော့စ်ဖရပ်စ်နဲ့ ပိုတက်စီယံတွေ ပြင်းအားမြင့်မြင့် ပါဝင်နေလို့ အာဟာရကြွယ်ဝပါတယ်။ ဘောလုံးပွဲစဉ် ၇ ခုကို တက်ရောက်လာတဲ့ ဝါသနာအိုးတွေ ဆီးသွားရင် ဒါတွေကို အားကစားရုံက သိုလှောင်ကန်တွေမှာ စုဆောင်းထားပြီး နိုက်ထရိုဂျင် ထွက်လာတဲ့အထိ သီတင်းပတ်နဲ့ချီပြီး ထားမယ်၊ ဓာတ်ပြောင်းလဲပြီး အမိုးနီးယား ဖြစ်သွားတဲ့ အထိပေါ့၊ ပြီးရင် ကွင်းပြင်တွေကို မြေသြဇာကောင်းမွန်အောင်လုပ်ရာမှာ ပြန်သုံးမယ်လို့ သဘာဝပတ်ဝန်းကျင် အင်ဂျင်နီယာဌာန တွဲဖက်ပါမောက္ခ ထရေဗာ ဘိုယာက ပြောပါတယ်။ အမိုးနီးယားဟာ အားကောင်းတဲ့ ဓာတ်မြေသြဇာပါ။ ဒါပေမယ့် ဆီးကနေ အစိုင်အခဲ မြေသြဇာဖြစ်အေင် လုပ်ဖို့က အပြောလွယ်သလောက် အလုပ်ရခက်ပါတယ်။ အကြီးဆုံး ပြဿနာကတော့ လူတွေက ရွံရှာတဲ့အချက်ပဲလို့ ဘိုယာက ပြောပါတယ်။ တကယ်လို့ စီစဉ်ထားတဲ့အတိုင်း ဖြစ်မြောက်ခဲ့ရင် မြက်တွေက သာမန်မြက်တွေထက် မကြာခင် ပိုစိမ်းလာလိမ့်မယ်၊ လူတွေက ဆီးသွားတဲ့ အချိန်တိုင်းမှာ ဆီးထဲမှာ အာဟာရကြွယ်ဝပြီး စိုက်ပျိုးရေးအတွက် ပြန်သုံးနိုင်တယ်ဆိုတာ တွေးမိစေချင်တယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။
6 years Ago
Up