ဓာတ်လှေကားထဲ မဖွယ်မရာ နှောင့်ယှက်သူကို တိုက်ခိုက်ခဲ့သည့် အမျိုးသမီး

April 28, 2016

ဓာတ်လှေကားထဲ မဖွယ်မရာ နှောင့်ယှက်သူကို တိုက်ခိုက်ခဲ့သည့် အမျိုးသမီး (ရုပ်သံ)

တရုတ်အမျိုးသားတဦးဟာ ဓာတ်လှေကားထဲမှာ အမျိုးသမီးတဦးနဲ့ အတူရှိနေစဉ် အနားကိုကပ်ပြီး မဖွယ်မရာ အပြုအမူနဲ့ နှောင့်ယှက်ဖို့ ကြိုးစားခဲ့ချိန်မှာ အမျိုးသမီးက တုံ့ပြန်ပညာပေးခဲ့ပါတယ်။ ဧပြီ ၂၄ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ အဲဒီအဖြစ်အပျက်ကို ရုပ်သံကင်မရာမှတဆင့် ဖမ်းယူရရှိခဲ့ပြီး ချိုင်းနားဖူကျိုးသတင်းမှာ ဖော်ပြခဲ့တာပါ။ ဓာတ်လှေကားထဲမှာ သူတို့ ၂ ဦးတည်း ရှိနေချိန် အဆိုပါအမျိုးသားဟာ အမျိုးသမီးရဲ့နောက်ကနေ ကပ်ပြီး နှောင့်ယှက်ဖို့ စတင်ခဲ့တာပါ။ အမျိုးသမီးဟာ ဖုန်းကိုကြည့်ပြီး အလုပ်ရှုပ်နေခဲ့ကာ ပထမအကြိမ်မှာတော့ တခြားတဘက်ကို ရွှေ့သွားခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသားဟာ ရပ်တန့်မသွားဘဲ နောက်ကနေ ပုခုံးကိုဖက်ဖို့ ကြိုးစားခဲ့ချိန်မှာတော့ အမျိုးသမီးက တွန်းဖယ်ပစ်ပြီး အဲဒီအမျိုးသားရဲ့ပါးကို ရိုက်ခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ အမျိုးသားရဲ့ ငယ်ပါနေရာကို ခြေထောက်နဲ့ ဆောင့်ကန်ခဲ့ကာ ရင်ဘတ်ကို ဒူးနဲ့တိုက်ပြီး တံခါးကိုဖွင့် ထွက်သွားခဲ့တာ ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။
6 years Ago
Up