ရုရှားနိုင်ငံအတွင်း တိုက်ခန်းတွဲ ပေါက်ကွဲပြိုကျခဲ့တဲ့ အပျက်အစီးတွေ ကြားကနေ အလောင်း ၂၇ လောင်း ရှာတွေ့ပြီလို့ ချယ်ယာဗျင့်ခ်စ်ဒေသ အုပ်ချုပ်ရေးမှူးက ဇန်နဝါရီ ၂ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
ကယ်ဆယ်ရေးသမားတွေအတွက် ခြိမ်းခြောက်မှုဖြစ်နေလို့ အဆောက်အဦ ထပ်မပြိုအောင် အစိတ်အပိုင်းတွေကို အရေးပေါ်လုပ်သားတွေက စပြီး ဖြုတ်သိမ်းနေပါတယ်။
ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့်လို့ ကနဦး တွေးထင်ထားတဲ့ ပေါက်ကွဲမှုကြောင့် မက်နီတာဂို့ခ်စ်မြို့တွင်း ဆယ်ထပ်တိုက်ခန်းတွဲရဲ့ အခန်းပေါင်း ၄၈ ခန်း ပျက်စီးခဲ့တာပါ။
ရေခဲမှတ်အောက် အေးခဲတဲ့ အပူချိန်မှာ ၃၅ နာရီကြာအပြီး ၁၁ လသား ကလေးတယောက်ကို ဇန်နဝါရီ ၁ ရက်က အသက်ရှင်လျက် ရှာတွေ့ခဲ့လို့ မကြုံစဘူး အံ့ဖွယ်ဖြစ်တယ်လို့ အရေးပေါ်အဖွဲ့က ပြောပါတယ်။
ပေါက်ကွဲပြိုကျမှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲလို့ စုံစမ်းရေးကော်မတီက သူတို့ရဲ့ အင်တာနက် စာမျက်နှာပေါ်ကနေ ပြောပါတယ်။ ဖောက်ခွဲရေးပစ္စည်း သဲလွန်စတွေ ရှာတွေ့တာတော့ မရှိသေးပါဘူး။
2 years Ago