ဓာတ်ငွေ့ပေါက်ကွဲ

January 28, 2019

နယ်သာလန်တွင် ဓာတ်ငွေ့ပေါက်ကွဲပြီး တိုက်ခန်းတွဲတခု ပြိုကျ၊ လူ ၉ ဦး ဒဏ်ရာရ

နယ်သာလန်နိုင်ငံ သည်ဂိတ်ဟ်မြို့မှာ ဓာတ်ငွေ့ယိုစိမ့်ရာက ပေါက်ကွဲမှုဖြစ်လို့ ၃ ထပ် တိုက်ခန်းတွဲတခု ပြိုကျခဲ့တဲ့အတွက် လူ ၉ ဦး ဒဏ်ရာရတယ်လို့ မီးသတ်ဌာနက ဇန်နဝါရီ ၂၇ ရက်မှာ ပြောပါတယ်။ လူ ၇ ဦးကို အနီးရှိဆေးရုံတွေဆီ ခေါ်သွားခဲ့ရတယ်လို့ သည်ဟိတ်ဂ် မီးသတ်ဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။ အပျက်အစီးတွေကြားမှာ လူတဦး ညပ်နေဆဲဖြစ်ပြီး အသက်ရှိသေးတယ်လို့ ဒတ်ခ်ျရုပ်သံ NOS က ပြောပါတယ်။ အဆောက်အဦရဲ့ အခြေအနေက မတည်မငြိမ်ဖြစ်နေလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ရှုပ်ထွေးနေတယ်၊ ဒါပေမယ့် ဒဏ်ရာရသူနဲ့ မီးသတ်ဌာနတို့ အဆက်အသွယ် ရထားပြီလို့ NOS က ပြောပါတယ်။ ဒီဖြစ်ရပ်မတိုင်ခင် သီတင်းပတ် တပတ်လောက်တည်းက ဓာတ်ငွေ့နံ့ရတယ်လို့ တိုက်ခန်းတွဲမှာ နေထိုင်သူတွေက တိုင်ကြားခဲ့ပေမယ့် စစ်ဆေးချိန်မှာ ယိုစိမ့်တဲ့နေရာကို မတွေ့ခဲ့ဘူးလို့ RTL နယူးစ် သတင်းဌာနက ထုတ်ပြန်ကြေညာပါတယ်။
3 years Ago

January 15, 2019

ရုရှားတွင် ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လူနေအဆောက်အဦပျက်စီး၊ လူ ၁ ဦးသေဆုံး

ရုရှားနိုင်ငံ အနောက်တောင်ပိုင်း ရှာခ်တီမြို့မှာ ဓာတ်ငွေ့ပေါက်ကွဲမှုလို့ ယူဆရတဲ့ အဖြစ်အပျက်ကြောင့် ဇန်နဝါရီ ၁၄ ရက်က လူနေအဆောက်အဦတလုံး တစိတ်တပိုင်း ပျက်စီးပြီး လူတဦး သေဆုံးကာ လေးဦး ပျောက်ဆုံးနေပါတယ်။ ပေါက်ကွဲမှုကြောင့် လူ ၁၄ ဦးနေတဲ့ တိုက်ခန်းတခန်း လုံးဝပြိုကျခဲ့တယ်လို့ ရုရှားသတင်းဌာန တက်စ်က ဖော်ပြပါတယ်။ ဒေသန္တရ အရေးပေါ်ဝန်ကြီးဌာန ကိုယ်စားလှယ်ကတော့ အဲဒီအိမ်မှာ လူအယောက် ၁၄၀ နေတယ်လို့ ပြောပါတယ်။ အိုမင်းနေတဲ့ အခြေခံအဆောက်အဦတွေနဲ့ ဓာတ်ငွေ့သုံးစွဲမှုဆိုင်ရာ ညံ့ဖျင်းတဲ့ စည်းမျဉ်းတွေကြောင့် လတ်တလောနှစ်တွေအတွင်း ရုရှားမှာ အလားတူ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။ ၂၀၁၈ ဒီဇင်ဘာလကုန်ပိုင်းကလည်း ပေါက်ကွဲမှုတခုကြောင့် မဂ္ဂနီတိုဂေါ့ခ်စ်မြို့မှာ လူ ၃၉ ဦး သေဆုံးခဲ့ပါတယ်။
3 years Ago
More News
Up