ဓာတ်အားပေးစက်ရုံ

April 4, 2018

ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် တူရကီနှင့် ရုရှား သမ္မတ ၂ ဦး သဘောတူ

တူရကီနိုင်ငံမှာ ပထမဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံ စတင်တည်ဆောက်ဖို့ တူရကီသမ္မတ အာဒိုဂမ်နဲ့ ရုရှားသမ္မတ ပူတင်တို့ သဘောတူညီလိုက်ပါတယ်။ တူရကီသမ္မတ အာဒိုဂမ်က နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့်သတင်းကို သမ္မတ ပူတင်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။ “အခုသဘောတူထားတာက ဒေါ်လာဘီလျံ ၂၀ ပါ။ ဒါပေမယ့် ဒီရင်နှီးမြှုပ်နှံမှုက ဒီထက်ပိုနိုင်ပါတယ်။ အဆွေတော် သမ္မတကြီးက ကျနော်တို့နိုင်ငံမှာ ဒီလောက် ရင်းနှီးမြှုပ်နှံမှု ဖြစ်လာအောင် အတော်လေး အားထုတ်ခဲ့တာပါ” လို့ တူရကီသမ္မတ တိုင်ယစ်အာဒိုဂမ်က ပြောပါတယ်။ ဆက်လက်ပြီး သူက “တူရကီဟာ ဒီ နျူဓာတ်အားပေးရုံကနေ ၁၀ ရာခိုင်နှုန်း စွမ်းအင်ရပါမယ်။ ရုရှားကနေ ဓာတ်ငွေ့သယ်မယ့် ပထမပိုက်လိုင်းကို ဆောက်နေပါပြီ။ ဒုတိယလိုင်းကိုလည်း မြန်မြန်ဆက်လုပ်မှာပါ” လို့ ပြောပါတယ်။ S-400 ဒုံးကျည်ကာကွယ်ရေးစနစ်အပြင် ကာကွယ်ရေးစီမံကိန်းတွေအတွက် တူရကီဟာ ရုရှားနဲ့ ပူးပေါင်းနိုင်ချေ ရှိတယ်လို့လည်း တူရကီသမ္မတက ဆက်ပြောပါတယ်။ “S-400 ဒုံးကျည်ကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင် ကာကွယ်ရေးကဏ္ဍအတွက် တခြားလက်နက်ပစ္စည်းတွေမှာလည်း ပူးပေါင်းဆောင်ရွက်လို့ ရပါတယ်။ ဒီကိစ္စ ရုရှားကုမ္ပဏီတွေက ကျနော်တို့အတွက် လမ်းဖွင့်ထားတာ မြင်ရပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ ကာကွယ်ရေးဒု-ဝန်ကြီးလည်း ဒီကိစ္စအတွက် ဆွေးနွေးတာတွေ  လုပ်ေ်နပါတယ်” လို့ သမ္မတ အာဒိုဂမ်က ပြောကြားထားပါတယ်။
3 years Ago
Up