ဓာတ်လိုက်

August 3, 2018

မြင်းခြံမြို့တွင်​ အမျိုးသား ၁ဦး ဓာတ်လိုက်သေဆုံး

မန္တလေးတိုင်း​ဒေသကြီး၊ မြင်းခြံမြို့၊ အမှတ်​ (၁၄) ရပ်​ကွက်​မှာ ကိုရီးယားသွားဖို့ သင်​တန်း တက်​​ရောက်​​နေတဲ့  ​မောင်​​ကျြော်​မင့်ဝင်း (ခ) ​ကျော်​မြင့်ဦးဟာ သြဂုတ်​ ၂ ရက်​​ ညနေပိုင်းက ဓာတ်​လိုက်​ပြီး ​သေဆုံးသွားပါတယ်။ အမှတ်​ (၁၄) ရပ်​ကွက်​ အုပ်​ချုပ်​​ရေးမှူး ဦး​ကျော်​မြင့်ခိုင်က “ကျ​နော့်​ဆီကို ၄ နာရီ ​ကျော်​​လောက်​မှာ ဓာတ်​လိုက်​​သေဆုံး​နေတယ်​လို့ သတင်း​ရောက်​လာပါတယ်​။ ဖြစ်​စဉ်​က သွယ်​တန်းထားတဲ့ သွပ်နန်းကြိုး​ပေါ်ကို ​ရေချိုးပြီး အဝတ်​စိုလှမ်းရာက​နေ လဲကျသွားတယ်​လို့ အိမ်​ရှင်​က​ပြောပြတယ်​။ အဲဒီမှာ ​ဆေးရုံကိုပို့ခဲ့​ပေမယ့် အသက်​မရှင်​ခဲ့ဘူး။ ကျ​နော်​တို့ကလည်း သက်​ဆိုင်​ရာ​တွေကို အမြန်​အ​ကြောင်းကြားခဲ့ပြီး လုပ်​စရာရှိ​တွေ ဆက်​လုပ်​ခဲ့တာပါ။” လို့ သူက ဆိုပါတယ်​။ ဓာတ်​လိုက်​ပြီး​သေဆုံးတဲ့ ကို​ကျော်​မြင့်​ဝင်း ဟာ ​ချောက်မြို့နယ်​ ထိန်​စန်း​ကျေးရွာသားဖြစ်​ပြီ ကိုရီးယားနိုင်​ငံသို့ သွား​ရောက်​အလုပ်​ လုပ်​ကိုင်ဖို့ မြင်းခြံမှာ သင်​တန်းလာ​ရောက်​ တက်​​နေသူလည်း ဖြစ်​ပါတယ်​။ မြင်းခြံ လျှပ်​စစ်​ဌာနက လက်​​ထောက်​မန်​​နေဂျာ ဦးစိုးဝင်း က “ကျ​နော်​တို့ ကြားသိချိန်​မှာ ချက်​ခြင်းသွား​ရောက်​ စစ်​​ဆေးမှု​တွေ လုပ်​ခဲ့တယ်​။ ​သေဆုံးသူ ​နေထိုင်​တဲ့ အိမ်​က အိမ်​​ရှေ့မှာ ယာယီ​နေကာ​လေး လုပ်​ထားတယ်​။ ​နေကာရဲ့ ​အောက်​မှာ သွပ်နန်းကြိုး သွယ်​တန်းထားတာ​တွေရှိတယ်​။ ပြီး​တော့ အိမ်​​ရှေ့အဝင်​လမ်းမှာ အလင်း​ရောင်​ရဖို့ မီးတပွင့်​ထွန်းထားတယ်​။ အဲ့ဒီထွန်းထားတဲ့ မီးကြိုးအဆက်​က ​ပေါက်​​နေပြီး သွပ်နန်းကြိုးနဲ့ ထိစပ်​​နေ​တော့ လျှပ်​စစ်​စီးဝင်​​နေတာဖြစ်​နိုင်​တယ်​။ ​နောက်​ပြီး မိုးရွာ​နေတဲ့အချိန်​လည်း ​ဖြစ်​​နေတယ်​။ ​အဲအချိန်​မှာ ​သေဆုံးသူက ​ရေချိုးပြီး အဝတ်​စိုကို သွပ်နန်းကြိုးအ​ပေါ်ကို လှမ်းလိုက်​စဉ်​မှာ ဓာတ်​လိုက်​ပြီး လဲကျ​သေဆုံး သွားတာဖြစ်​နိုင်​တယ်​”လို့ ဒီဗွီဘီကို ​ပြောပါတယ်​။ ဓာတ်​လိုက်​​သေဆုံးမှု ဖြစ်​စဉ်​နဲ့ ပတ်​သက်​လို့ မြင်းခြံ မြို့မရဲစခန်းက အိမ်​ရှင်​ဖြစ်​တဲ့ အမှတ်​ (၁၄) ရပ်​ကွက်​​နေ ဦး​ကျော်​မြင့်ကို ​သေမှု/သေခင်းနဲ့ အမှုဖွင့်​ အ​ရေးယူထားပြီး၊ ဓာတ်​လိုက်​​သေဆုံးသွားသူ ​ကျော်​မြင့်​ဝင်းရဲ့ ရုပ်​အ​လောင်းကို​တော့ မြင်းခြံနာ​ရေး ကူညီမှုအသင်းက ချောက်မြို့နယ်​ ထိန်​စန်း​ကျေးရွာကို ပို့​ဆောင်​​ပေးခဲ့တယ်​လို့ သိရပါတယ်​။ မြင်းခြံမြို့မှာ ပြီးခဲ့တဲ့ ၂ဝ၁၆-၁၇ နှစ်​​တွေမှာ ခုလို ဓာတ်​လိုက်​ပြီး ​သေဆုံးမှု ၃ ကြိမ်​ ဖြစ်​ပွားခဲ့ဘူးပြီး ၂ဝ၁၈ ခုနှစ်​ထဲမှာ ပထမဆုံးအကြိမ်​ ဖြစ်​ပွားခဲ့တာလည်း ဖြစ်​ပါတယ်​။ သတင်း-ရီရီထွန်း (မြင်းခြံ) ဓာတ်​ပုံ-မြင်းခြံနာ​ရေးကူညီမှုအသင်း
3 years Ago
Up