ဓာတ်ပုံပြပွဲ

May 16, 2018

သွေးစွန်းသော ကျောက်စိမ်းခရီး ဓာတ်ပုံပြပွဲ

မြန်မာ့အဖိုးတန် ကျောက်စိမ်းမြေဖြစ်တဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ကျောက်စိမ်းတွေ အလွန်အကျွံ ထုတ်နေတာနဲ့ ပတ်သက်လို့ ၂၅ နှစ်တာကာလအတွင်း မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတွေကို ရန်ကုန်မှာ ဒီနေ့ စတင်ပြသနေပါတယ်။ ‘သွေးစွန်းသော ကျောက်စိမ်းခရီး’လို့ အမည်ပေးထားတဲ့ အဲဒီပြပွဲကို ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်က Yangon Gallery မှာ မေ ၁၆ရက်က ၁၈ ရက်အထိ သုံးရက်ကြာ ပြသသွားမှာပါ။ ဒီပြပွဲမှာ ဓာတ်ပုံဆရာ စိုးဝင်းငြိမ်း၊ ကိုဇော် (ဖားကန့်) ဇော်မိုးထက်တို့ရဲ့ ဓာတ်ပုံပေါင်း ၇၀ ကျော်ကို ပြသထားပါတယ်။ ဖားကန့်ဒေသဟာ စစ်ရေးမငြိမ်သက်တဲ့ ဒေသဖြစ်သလို မကြာခဏ မြေစာပုံတွေ ပြိုကျပြီး လုပ်သားတွေ သေဆုံးတာ၊ ရေမဆေးကျောက် ရှာဖွေသူတွေနဲ့လည်း ပဋိပက္ခဖြစ်လေ့ရှိတဲ့နေရာ ဖြစ်ပါတယ်။
4 years Ago

December 18, 2015

လူမှုရေးအသင်းများကို ရောင်းရငွေ ၅၀ ရာခိုင်နှုန်းလှူဒါန်းမည့် ဓာတ်ပုံပြပွဲ (ဓာတ်ပုံ)

Dynamic Digital Photography Training School ရဲ့ ဒုတိယ အကြိမ်မြောက် ဓာတ်ပုံ အနုပညာပြပွဲကို ရန်ကုန်မြို့ အလုံလမ်းရှိ Yangon Art Gallery မှာ ဒီဇင်ဘာ ၁၈ ရက်နေ့ မှ ၂၁ ရက်နေ့အထိ အခမဲ့ ပြသနေပါတယ်။ ဓာတ်ပုံ ၀ါသနာကြီးသူ ၄၈ ဦးရဲ့ ဓာတ်ပုံပေါင်း ၁၂၇ ပုံ ပြသထားပြီး ရောင်းရငွေရဲ့ ၅၀ ရာခိုင်နှုန်း ကို လူမှုရေးအသင်းတွေကို ခွဲဝေလှူဒါန်းသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။  
6 years Ago
More News
Up