နာမည်ကျော် ဘောလုံးသမားတဦးဖြစ်တဲ့ နေမာရဲ့ ညီမဖြစ်သူရဲ့ အလန်းစားရိုက်ချက်တွေနဲ့ ဘီကီနီဝတ်ဓာတ်ပုံတွေဟာ ခုရက်ပိုင်းအတွင်းမှာ ထွက်ပေါ်ခဲ့ပါတယ်။
ဘာစီလိုနာကလပ်အသင်းနဲ့ ဘရာဇီးနိုင်ငံကိုယ်စားပြု ဘောလုံးစူပါစတားတဦးမှာ ခုလို ခပ်မိုက်မိုက်ညီမတယောက် ရှိနေမယ်ဆိုတာ မယုံနိုင်စရာပါပဲလို့ Elite Daily သတင်းမှာ ဒီကနေ့ ဖော်ပြလိုက်တာပါ။
သူ့ညီမဖြစ်သူရဲ့ နာမည်ဟာ ရက်ဖ်ဖယ်လာလို့ သိရပြီး သူမရဲ့ အင်စတာဂရမ် အကောင့်မှာ ပရိသတ် ၂ သန်းခွဲလောက်ရှိနေတယ်လို့ ဆိုပါတယ်။
အစ်ကိုဖြစ်သူလို ဘောလုံးကစားခြင်းနဲ့ နာမည်ကျော်နေတာမဟုတ်တဲ့ သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်က ပုံတွေထဲမှာ ဘီကီနီဝတ်စုံတွေနဲ့ ပုံစံမျိုးစုံ ရိုက်ပြထားတဲ့ အမိုက်စား ဓာတ်ပုံတွေအပြင် တခြား အလန်းစားပုံတွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။
6 years Ago