ဓာတ်ပုံ

March 22, 2019

ဘော်ကြိုဘုရားပွဲ (ဓာတ်ပုံအက်ဆေး)

ဘော်ကြိုမုဋ္ဌောစေတီတော်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ဘော်ကြိုကျေးရွာမှာ တည်ရှိပါတယ်။ ဘော်ကြိုကျေးရွာကတော့ မန္တလေး လားရှိုး - မူဆယ် ပြည်ထောင်စု လမ်းမကြီးနဲ့ မန္တလေး - လားရှိုး မီးရထားလမ်း ကြားမှာတည်ရှိပါတယ်။ သီပေါမြို့နဲ့ ဆိုရင် ၇ မိုင်၊ ကျောက်မဲမြို့နယ် ၁၄ မိုင် ကွာဝေးပါတယ်။ ဒုဋ္ဌ၀တီမြစ်နဲ့လည်းနီးပါတယ်။ ဘုရားဒကာကတော့ သီရိဓမ္မာ သောကမင်းကြီးဖြစ်ပါတယ်။ ဘုရားလောင်းဝက်မင်းဘ၀က နေခဲ့တဲ့နေရာဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ မုဋ္ဌောရဲ့အဓိပ္ပါယ်က ၀က်နှုတ်သီးနဲ့ ထိုးနှိုက်ခြင်း လို့ယူဆကြပါတယ်။ ခရစ်သက္ကရာဇ် ၁၁၇၄ ခုနှစ် (မြန်မာသက္ကရာဇ် ၅၃၆ ) မှာ နရသီဟပတေ့မင်းကြီးက မုဒ်လေးမုဒ်မှာ ရုပ်ပွားတော် ၄ ဆူကို စကားသားနဲ့ ထုလုပ် ကိုးကွယ်ခဲ့ပါတယ်။ ပလောင်၊ တအာန်း၊ ရှမ်းလူမျိုးတွေဟာ မိမိတို့ ရိုးရာဝတ်စုံတွေကို ၀တ်ဆင်ပြီး အဲဒီဘုရားပွဲကိုလာလေ့ရှိပါတယ်။ ရှေးခေတ်က လောင်းကစားဝိုင်းတွေနဲ့ စည်းကားခဲ့တဲ့ ဘုရားပွဲလည်းဖြစ်ပါတယ်။ ဘော်ကြိုဘုရားပွဲတော်ကို နှစ်စဉ် တပေါင်း လဆန်း ၇ ရက်နေ့ကနေ လပြည့်ကျော် ၁ ရက် နေ့အထိ ကျင်းပလေ့ရှိပါတယ်။ တပေါင်းလပြည့်နေ့မှာ ဆွမ်းကပ်လေ့ရှိပါတယ်။
3 years Ago

June 11, 2018

ကင်ဂျုံအန်း စင်ကာပူရောက်နေသည့် ဓာတ်ပုံများ မြောက်ကိုရီးယား ရုပ်သံမှ ထုတ်လွှင့်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း စင်ကာပူနိုင်ငံ ရောက်ရှိနေတဲ့ ဓာတ်ပုံတွေကို မြောက်ကိုရီးယား အစိုးရမီဒီယာ KRT ရုပ်သံကနေ ဇွန်လ ၁၁ ရက်နေ့က ထုတ်လွှင့်ပြသခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ပြုံယမ်း နိုင်ငံတကာလေဆိပ်ကနေ ထွက်ခွာသွားပုံ၊ စင်ကာပူ ချန်ဂီလေဆိပ်ကို ရောက်ရှိနေပုံနဲ့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့ တွေ့ဆုံခဲ့ပုံတွေကို ထုတ်လွှင့်ပြသခဲ့တာပါ။ အခုထိပ်သီးဆွေးနွေးပွဲအတွက် စင်ကာပူနိုင်ငံတဝန်း လုံခြုံရေး တင်းကျပ်ထားပါတယ်။ ဇွန်လ ၁၂ ရက်နေ့မှာ ပြုလုပ်မယ့် အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ရဲ့ သမိုင်းတွင်မယ့် ထိပ်သီးဆွေးနွေးပွဲမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်နဲ့ အမေရိကန်ရဲ့ စီးပွားရေး အထောက်အပံ့ကိစ္စ ဆွေးနွေးသွားကြမှာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
More News
Up