ခရီးသွားလုပ်ငန်းတိုးတက်ရေးကြော်ငြာအတွက်သုံးဖို့ ကျပ် ၂၅၀၀ ကနေ ၁၀၀၀၀ အထိပေးပြီး ဓာတ်ပုံတွေဝယ်ယူမယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ဖိတ်ခေါ်နေပါတယ်။
ဒစ်ဂျစ်တယ်နဲ့ အွန်လိုင်းဈေးကွက်ရှာဖွေရေးလုပ်ပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံဒေသစုံပါတဲ့ ဓာတ်ပုံတွေစုစည်းဝယ်ယူနေတယ်လို့ ဆိုပါတယ်။
ကျပ် ၂၅၀၀ ကနေ ၁၀၀၀၀ အတွင်း တန်ဖိုးသတ်မှတ်ထားတဲ့ ဓာတ်ပုံတွေကို ပေးပို့နိုင်ပြီး ရွေးချယ်ခံရရင် ဈေးနှုန်းညှိနှိုင်းဦးမယ်လို့ ဆိုပါတယ်။
ဘယ်လိုကင်မရာနဲ့မဆို ရိုက်ထားတာတွေကို ပို့နိုင်ပြီး အရေအတွက် အကန့်အသတ်မရှိ အွန်လိုင်းကတဆင့် ပေးပို့နိုင်တယ်လို့လည်း ဆိုပါတယ်။
ပုဂံ၊ မန္တလေး၊ ရန်ကန်ု၊ နေပြည်တော်၊ အင်းလေးကန်က ထင်ရှားတဲ့နေရာတွေ၊ ထင်ရှားတဲ့စေတီတွေ၊ ကန်တွေ၊ ဂူတွေ၊ ယူနက်စကိုစာရင်းဝင်နေရာတွေ၊ သဘာဝသားရဲတိရစ္ဆာန်ထိန်းသိမ်းရေးနယ်မြေတွေ၊ မြန်မာ့ရိုးရာဓလေ့တွေ၊ စားစရာတွေ၊ ပွဲတော် စတဲ့ပုံတွေကို လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
2 years Ago