ဓာတ်ဆီဆိုင်

A d v e r t i s e m e n t With Us

July 5, 2019

Terminal ဓာတ်ဆီဆိုင်ကို  မင်္ဂလာဒုံတပ်မြို့ စည်ပင်က အရေးယူရန်ဆောင်ရွက်နေ

သူရဦးရွှေမန်းရဲ့သား ဦးအောင်သက်မန်းပိုင်ဆိုင်တဲ့ Terminal ဓာတ်ဆီဆိုင်ဟာ မင်္ဂလာဒုံတပ်မြို့ စည်ပင်ပိုင်မြေပေါ်ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဖွင့်လှစ်ထားလို့ တရားဥပဒေအရ ဆောင်ရွက်နေတယ်လို့ မင်္ဂလာဒုံတပ်မြို့ စည်ပင်အတွင်းရေးမှူး ဦးကျော်ငွေက ဒီဗွီဘီကိုပြောပါတယ်။ ဒီစက်သုံးစီဆိုင်ကို ၂၀၁၁ ခုနှစ်မတ်လ ၁၁ရက်နေ့က ဧရာရွှေဝါကုမ္ပဏီကို စွမ်းအင်ဝန်ကြီးဌာနက လွဲပြောင်းရောင်းချခဲ့တာပါ။ ဒီနေရာဟာ ၂၀၁၆ ခုနှစ်ကတည်းက လေယာဉ်ပြေးလမ်းအဖြစ် အသုံးပြုနေတဲ့နေရာနဲ့ နီးကပ်နေတဲ့အတွက် အများပြည်သူအန္တရာယ်ရှိနိုင်လို့ တပ်နယ်စည်ပင်က ၂၀၁၁ခုနှစ် နိုဝင်ဘာလမှာပဲ ဝယ်ယူထားတဲ့ငွေတွေကို ပြန်အမ်းထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီနောက်ပိုင်း မင်္ဂလာဒုံတပ်နယ်စည်ပင်က ယာယီနှစ်တိုးအနေနဲ့ ၂၀၁၆ခုနှစ်အထိ ငှားရမ်းထားတာပါ။ ၂၀၁၇ ခုနှစ်မှာတော့ စာချုပ်ထပ်မချုပ်တော့ဘဲ ဖယ်ရှားပေးဖို့ သတိပေးစာသုံးကြိမ် ပေးပို့ထားပေမယ့်လည်း ဓာတ်ဆီဆိုင်အနေနဲ့ အခု ၂၀၁၉ အထိ မဖယ်ရှားပေးသေးဘူးလို့  စည်ပင်က ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး  Terminal ဓာတ်ဆီဆိုင်တာဝန်ရှိသူတွေဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။
2 years Ago
Up