၂၀၁၅ ခုနှစ်အတွက် ဓာတုဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို ဆွီဒင်၊ အမေရိကန်နဲ့ တူရကီ သိပ္ဗံပညာရှင် ၃ ဦးတို့က ပူးတွဲရရှိသွားပါတယ်။
ဆွီဒင်နိုင်ငံသား သောမတ်စ် လင်ဒက်၊ အမေရိကန်နိုင်ငံက ပေါ မိုဒရစ် နဲ့ တူရကီနိုင်ငံသား အဇစ် ဆန်ကားတို့ ၃ ဦးဟာ ပျက်စီးခဲ့သွားတဲ့ ဒီအန်အေတွေကို ကလာဒ်စည်းတွေက ဘယ်လိုပြင်ပြီး ပြုပြင်တယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ကြတာပါ။
ဒီတွေ့ရှိမှုဟာ ကင်ဆာကုထုံးသစ် ရှာဖွေမှုအတွက် အထူး အသုံးဝင်မယ်လို့ ဆွီဒင်နိုင်ငံ၊ တော်ဝင်သိပ္ဗံအကယ်ဒမီရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ဆုကြေးငွေအဖြစ်ရရှိတဲ့ ဆွီဒင်ခရိုနာ ၈ သန်းနဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၁ သန်းနီးပါးကို ဓာတုဗေဒသိပ္ဗံပညာရှင် ၃ ယောက်ခွဲယူကြမှာပါ။
ဓာတုဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို ဆေးပညာဆိုင်ရာနိုဘယ်လ်ဆုနဲ့ ရူပဗေဒဆိုင်ရာနိုဘယ်လ်ဆုတွေ ကြေညာအပြီး တတိယနေ့မှာ ထုတ်ပြန်ကြေညာပေးတာလည်းဖြစ်ပါတယ်။
5 years Ago