ဓာတုအဆိပ်

July 9, 2018

ဓာတုအဆိပ်ဖြင့် တိုက်ခိုက်ခံရသည့် ဗြိတိန်အမျိုးသမီး သေဆုံး

အာရုံကြောထိခိုက်စေတဲ့အဆိပ်နဲ့ တိုက်ခုက်ခံခဲ့ရတဲ့ ဗြိတိန်အမျိုးသမီး ဒေါန်စတားဂတ်စ် (Dawn Sturgess) ဟာ အင်္ဂလန်တောင်ပိုင်း ဆားစ်ဘာရီဆေးရုံမှာ သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ဇူလိုင် ၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ အသက် ၄၄ နှစ်အရွယ် စတားဂတ်စ်ဟာ ပြီးခဲ့တဲ့ ဇွန် ၃ဝ ရက်နေ့က ချားလ်စ်ရောင်လီဆိုသူ အမျိုးသားတဦးနဲ့အတူ အဆိပ်သင့်ခဲ့ပြီး ဆေးရုံမှာ အရေးပေါ် ကုသမှုခံယူနေရတာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က စတားဂတ်စ်နဲ့ ချားလ်စ်ရောင်လီတို့ နှစ်ဦးစလုံးဟာ “နာဗာချော့ခ်” အဆိပ် သင့်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ဓာတုအဆိပ်ဟာ ပြီးခဲ့တဲ့မတ်လတုန်းက ရုရှားစပိုင်ဟောင်း စခရစ်ပါတို့ သားအဖနှစ်ဦး သင့်ခဲ့တဲ့အဆိပ်လည်း ဖြစ်ပါတယ်။ ဝန်ကြီးချုပ် ထရီဆာမေကတော့ ဒေါန်စတားဂတ်စ် သေဆုံးတဲ့သတင်း ကြားသိရတဲ့ အပေါ်မှာ ထိတ်လန့်မိကြောင်း ပြောကြားခဲ့တယ်လို့ ဗွီိအိုအေသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago

March 30, 2018

အာရုံကြော အဆိပ်ခတ်ခံရသည့် ရုရှားသူလျှိုဟောင်း၏သမီး ကျန်းမာရေးအခြေအနေ တိုးတက်

ဒီလအစောပိုင်းက ဗြိတိန်မှာ ဖခင်နဲ့အတူ အာရုံကြော အဆိပ်ခတ်ခံခဲ့ရတဲ့ ရုရှားသူလျှိုဟောင်း ဆာဂီဆက်ခရီပေါလ်ရဲ့ သမီးဟာ အခြေအနေ အမြန်တိုးတက်လာပြီး အသည်းအသန် အခြေအနေကနေ လွတ်မြောက်လာပြီလို့ သူတို့ကို ကုသပေးနေတဲ့ ဆေးရုံက မတ်လ ၂၉ ရက်နေ့မှာ ပြောပါတယ်။ ဒါပေမယ့် အထူးကုတွေရဲ့ စောင့်ရှောက်မှုကို ၂၄ နာရီ ဆက်ပြီး လက်ခံကုသရဦးမယ်လို့ စလစ်ဘာရီခရိုင်ဆေးရုံမှ ဆေးဘက်ညွှန်မှူးက ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။ ယူလီယာရဲ့ ဖခင်ကတော့ အသည်းအသန် အခြေအနေမှာ ရှိနေဆဲပေမယ့် ဆေးရုံပေါ်မှာ အခြေအနေ တည်ငြိမ်နေပါတယ်။ သူတို့သားအဖဟာ သူတို့ အိမ်ရှေ့တံခါးမှာ ထားခဲ့တဲ့ အာရုံကြောအဆိပ် သင့်ခဲ့ကြတာလို့ ဗြိတိန် အကြမ်းဖက်မှု တိုက်ဖျက်ရေးရဲက ပြောပါတယ်။ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို လူသတ်ဖို့ ကြိုးစားမှုနဲ့ ဗြိတိန်အစိုးရက စွပ်စွဲပါတယ်။ လက်တုံ့ပြန်ဖို့ ရုရှားသံတမန်အဖြစ် အကာအကွယ်ယူ အလုပ်လုပ်နေတဲ့ သူလျှိုတွေလို့ စွပ်စွဲပြီး ရုရှားနိုင်ငံသား ၂၃ ယောက်ကိုလည်း တိုင်းပြည်ကနေ နှင်ထုတ်ခဲ့ပါတယ်။
3 years Ago
More News
Up