ဓာတုသရုပ်ပြပွဲ

June 2, 2018

ရုရှား ဓာတုသရုပ်ပြပွဲ အမှားယွင်းဖြစ်ခဲ့၍ ကလေး ၈ ဦး ဒဏ်ရာရ

ရုရှားနိုင်ငံ၊ ဆားဘီးယားဒေသက အေးကွတ်မြို့မှာ ဓာတုသရုပ်ပြပွဲတခုအတွင်း အမှားအယွင်းဖြစ်ခဲ့လို့ ကလေး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။ အသက် ၇ နှစ်ကနေ ၁၀ အထိရှိတဲ့ ဒီကလေး ၈ ဦးဟာ မီးလောင်ဒဏ်ရာတွေရခဲ့ပြီး ဒဏ်ရာပြင်းသူတွေလည်း ပါတယ်လို့ ရုရှားသတင်းအေဂျင်စီတက်စ်က သတင်းဖော်ပြပါတယ်။ ကလေးတွေဟာ မီးရှူးမီးပန်းတွေ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို လက်တွေ့ပြသချိန်မှာ အမှားအယွင်းဖြစ်ခဲ့တာလို့လည်း သတင်းမှာ ဖော်ပြပါတယ်။ ရုရှားစုံစမ်းရေးကော်မတီက ဒီဖြစ်ရပ်ကို  ဘေးကင်းမှုဆိုင်ရာပေါ့ဆမှု စွပ်စွဲချက်တွေနဲ့ စုံစမ်းစစ်ဆေးနေပြီလို့ ပြောပါတယ်။
3 years Ago
Up