ဓာတုလက်နက်

April 19, 2018

ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် ဒေသနှစ်ခုကို ကုလစစ်ဆေးရေးအဖွဲ့ လေ့လာ

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ စစ်ဆေးရေးအဖွဲ့ဟာ ဓာတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဆီးရီးယားနိုင်ငံက ဒေသနှစ်ခုကို လာရောက်လေ့လာနေပြီး အစိုးရကလည်း ကူညီပေးနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယားသံအမတ်က ဧပြီ ၁၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဓာတုတိုက်ခိုက်မှု ဖြစ်ခဲ့တဲ့နေရာကို နိုင်ငံတကာ ဓာတုလက်နက် အသုံးပြုမှု တားမြစ်ရေးအဖွဲ့ (OPCW) က စုံစမ်းစစ်ဆေးသူတွေ ဝင်သင့်၊ မဝင်သင့် ဆိုတာကို လုံခြုံရေးကောင်စီရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့က ဆုံးဖြတ်ရမှာဖြစ်ပေမယ့် ဆီးရီးယားအစိုးရဘက်ကတော့ အကူအညီတွေ ပေးနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယားသံအမတ် ဘာရှာအယ်လ် ဂျာဖာရီက ပြောပါတယ်။ “အချက်အလက်ရှာဖွေရေးအဖွဲ့ကို အကူအညီပေးနိုင်တာ အကုန်လုံး ဆီးရီးယားအစိုးရက လုပ်ပြီးပါပြီ။ အဖွဲ့ကလည်း ဒမတ်စကတ်စ်ကို ရောက်ကတည်းက အလုပ်တွေ စတင်နေပါပြီ။ သံသယဖြစ်ဖွယ် ဓာတုတိုက်ခိုက်မှုမှာ မျက်မြင်တွေရဲ့အသံကို မနေ့တုန်းက သူတို့  နားထောင်ခဲ့ပါတယ်။ အဖွဲ့က အခုတပတ်မှာ အလုပ်စလုပ်ပါပြီ” လို့ ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယားသံအမတ် ဘာရှာအယ်လ် ဂျာဖာရီက ပြောသွားပါတယ်။
3 years Ago

April 17, 2018

ဆီးရီးယားက ဆေးရုံတက်လူနာများ ဓာတုအဆိပ်သင့်လက္ခဏာမတွေ့ဟု ဆရာဝန်ပြော

ဆီးရီးယားနိုင်ငံ ဒူမာမြို့ဆေးရုံကို တက်ရောက်တဲ့ လူနာတွေမှာ ဓာတုအဆိပ်သင့်တဲ့ လက္ခဏာ မတွေ့ရဘူးလို့ ဆေးရုံဝန်ထမ်းတဦးက ဧပြီ ၁၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဓာတုလက်နက်နဲ့ တိုက်ခိုက်ခံရတယ်လို့ သံသယရှိတဲ့နေရာဟာ ဒူမာမြို့ ဆင်ခြေဖုံးရှိ အာဇာနည်ရင်ပြင်အနီး တိုက်တန်းနေရာဖြစ်ပါတယ်။ ဆေးရုံအလုပ်သင်ဆရာဝန်က “ပြီးခဲ့တဲ့ စနေနေ့တုန်းက ပုန်းခိုနေတဲ့ နေရာက ဖုန်မှုန့်တွေ၊ မီးခိုးတွေကြောင့် အသက်ရှူလမ်းကြောင်းရောဂါနဲ့ လူနာတွေ ရောက်လာခဲ့ပါတယ်။ ကျနော်တို့ အဲဒီလူနာတွေကို ကုသပေးခဲ့ပါတယ်။ “ဒါပေမယ့် တချို့လူတွေက လူနာတွေကို ရေဖျန်းကြတယ်။ ကျနော်တို့က ဘာမှ မဖြစ်ဘူးပြောပေမယ့် အဲဒီဗွီဒီယိုဖိုင်က ပျံ့နှံ့သွားတယ်။ အဲဒီတုန်းက ပုံမှန်မဟုတ်တာ ဘာမှမရှိဘူးလို့ ဆရာဝန်တွေ အကုန်လုံးက ပြောခဲ့ပါတယ်” လို့  ပြောခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်လို့ ဓာတုလက်နက် တားမြစ်ရေး အဖွဲ့အစည်းက စုံစမ်းရေး အဖွဲ့တဖွဲ့ဟာ ဒူမာမြို့ကို ရော်က်နေပြီး အခင်းဖြစ်နေရာကို စုံစမ်းစစ်ဆေးဖို့ အသင့်ဖြစ်နေပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
More News
Up