ဓာတုဗေဒစက်ရုံပေါက်ကွဲ

December 10, 2020

အမေရိကန် ဘဲလ်မြို့၌ ဓာတုဗေဒစက်ရုံပေါက်ကွဲပြီး ထုတ်ပြန်ထားသည့် အပြင်မထွက်ရအမိန့် ရုပ်သိမ်း

အမေရိကန်ပြည်ထောင်စု၊ အနောက်ဗာဂျီးနီးယားပြည်နယ်၊ ဘဲလ်မြို့ငယ်လေးမှာ ဓာတုဗေဒ စက်ရုံတရုံ အပြင်းအထန် ပေါက်ကွဲခဲ့အပြီး ဒေသခံတွေ အိမ်ထဲမှာပဲ နေကြဖို့ ဒီဇင်ဘာ ၈ ရက်က ထုတ်တဲ့အမိန့်ကို ဒီဇင်ဘာ ၉ရက်မှာ ပြန်ရုပ်သိမ်းခဲ့ပါတယ်။  ဒီဇင်ဘာ ၈ ရက် ဒေသစံတော်ချိန် ည၁၀ နာရီမှာ ပေါက်ကွဲ မီးလောင်တဲ့ ခယ်မာ ဓာတု စက်ရုံရဲ့ အချင်း ၂ မိုင်ပတ်လည်အတွင်း နေကြတဲ့ လူတွေ အခန်းတွင်းမှာ နေကြဖို့ မြို့နယ် အရာရှိတွေက ကြေညာခဲ့တာပါ။ ကလိုရင်းနံ့လို့ ယုံကြည်ရတဲ့ ဓာတုဗေဒဆိုင်ရာ အနံ့တခုရတယ်ဆိုတဲ့ အစီရင်ခံစာတွေ ရှိတယ်လို့ ခါနာဝှါ မြို့နယ် ကော်မရှင်နာ မင်းကြီးက ဒေသခံ မီဒီယာကို ပြောပါတယ်။  ဒါပေမဲ့ တကယ်ဟုတ် မဟုတ်သူက အတည်မပြုခဲ့ပါဘူး။ ဒီပေါက်ကွဲမှုမှာ လူတစ်ယောက် သေဆုံးပြီး တခြားလူ သုံးယောက် ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေကို ကိုးကားပြီး စတား ထရီဗြွန်း သတင်းဌာနမှာ ရေးပါတယ်။
4 months Ago
Up