ဓာတုပစ္စည်းတင်ပို့မှု

A d v e r t i s e m e n t With Us

April 9, 2020

ဟိုက်ဒရိုအောက်ဆီကလိုရိုကွင်း ဓာတုပစ္စည်းတင်ပို့မှု တားမြစ်ချက် အိန္ဒိယအစိုးရ ဖယ်ရှားရန် သဘောတူ 

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ နည်းလမ်းသစ်တခုဆိုပြီး အမေရိကန်သမ္မတ ထရမ့် ပြောဆိုတဲ့ ဟိုက်ဒရိုအောက်ဆီကလိုရိုကွင်း ဓာတုပစ္စည်းတင်ပို့မှု တားမြစ်ထားတာကို အိန္ဒိယအစိုးရက ဖယ်ရှားဖို့ သဘောတူလိုက်ပါပြီ။ အိန္ဒိယအနေနဲ့ တားမြစ်ထားတာကို မဖယ်ရှားရင် လက်တုံ့ပြန်သွားမယ်ဆိုပြီး သမ္မတထရမ့်က သတိပေးလိုက်ပြီးနောက်မှာ ဒီဆုံးဖြတ်ချက် ပေါ်ထွက်လာတာပါ။ ဟိုက်ဒရိုအောက်ဆီကလိုရိုကွင်းဟာ COVID-19 ပျောက်ကင်းတဲ့ အထောက်အထား မတွေ့ပေမယ့် သမ္မတထရမ့်ကတော့ အဲဒီဆေးနဲ့ COVID-19 ကုသဖို့ ဆော်သြနေပါတယ်။  ဒီနေရာမှာ အိန္ဒိယဟာ ကမ္ဘာမှာ ဟိုက်ဒရိုအောက်ဆီကလိုရိုကွင်း အများဆုံး ထုတ်လုပ်ရာ နိုင်ငံတွေထဲ ပါဝင်ပါတယ်။ ပမာဏ ဘယ်လောက် တင်ပို့မလဲဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။  အိန္ဒိယ ပြည်ပရေးရာဌာန ပြောခွင့်ရပုဂ္ဂိုလ်က အိန္ဒိယကုမ္ပဏီတွေ ချုပ်ဆိုထားတဲ့ တင်ပို့ရည်မှန်းချက်တွေနဲ့ ကိုက်ညီသလောက် ပစ္စည်းအနေအထားက ဖြည့်ဆည်းသွားမယ်လို့ ဧပြီ ၇ ရက်မှာ ပြောခဲ့တယ်လို့ ဘီဘီစီသတင်းက  ဖော်ပြပါတယ်။
11 months Ago
Up