ဓမ္မပြုကျင့်

June 10, 2018

၁၄ နှစ်မိန်းကလေးအား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့မှုဖြင့် စွပ်စွဲခံရသည့် အီရတ်နိုင်ငံသားကို ဂျာမနီလွှဲပြောင်း

ပြီးခဲ့တဲ့လတုန်းက ဂျာမနီနိုင်ငံမှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတဦးအား အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး စွပ်စွဲခံရတဲ့ အီရတ်အမျိုးသားကို အီရတ်နိုင်ငံကနေ ဂျာမနီနိုင်ငံကို ဇွန် ၉ ရက်နေ့မှာ လွှဲပြောင်းခဲ့ပါတယ်။ စွပ်စွဲခံရသူ အလီ-ဘာရှာဟာ  အီရတ်နိုင်ငံ၊ အာဘီမြို့ကနေ ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြို့ကို တိုက်ရိုက် လေကြောင်းခရီးစဉ်နဲ့ရောက်လာတာပါ။ အာဏာပိုင်တွေက သူ့ကို ဝီးစ်ဘာဒန်မြို့က ရဲစခန်းဆီကို ရဟတ်ယာဉ်နဲ့ ခေါ် ဆောင်သွားခဲ့ပါတယ်။ အီရတ်နိုင်ငံ၊ ကာဒစ္စတန်ဒေသန္တရ ရဲတပ်ဖွဲ့ကတော့ ဘာရှာဟာ အသက် ၁၄ နှစ်အရွယ် ဆူဆန်နာ ဖီးလ်မန်းကို ဂျာမနီမှာ သတ်ခဲ့တယ်ဆိုတာ ၀န်ခံထားတယ်လို့ ပြောပါတယ်။ ရဲတပ်ဖွဲ့ဟာ ဆူဆန်နာအလောင်းကို  ဘာရှာနေတဲ့ ဒုက္ခသည်စခန်းနားက သစ်တောနယ်မြေထဲမှာ တွေ့ခဲ့တာပါ။ ဒါ့ကြောင့် ဂျာမနီနိုင်ငံတစ်ဝှမ်းမှာ လူဝင်မှုကြီးကြပ်ရေးကိစ္စဟာ ကျယ်ကျယ်ပြန့်ပြန့် ငြင်းခုံဆွေးနွေးစရာဖြစ်လာခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up