ဓနုဖြူမြို့ EPC ရုံး

October 11, 2021

ဓနုဖြူမြို့ EPC ရုံးရှေ့နှင့် ဇလွန်မြို့နယ်တွင် ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊  ဓနုဖြူမြို့မှာ  အောက်တိုဘာလ ၁၀ ရက် မနေ့ညက ဗုံးပေါက်ကွဲခဲ့သလို   တညတည်းမှာပါပဲ ဇလွန်မြို့နယ်မှာလည်း  မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဗုံး ၁ လုံး ဖောက်ခွဲသတိပေးခဲ့ပါတယ်။

ဓနုဖြူမြို့၊ အမှတ် ၁၂ ရပ်ကွက်မှာရှိတဲ့ EPC ရုံးရှေ့မှာ အောက်တိုဘာ ၁၀ ရက် ည ၉ နာရီခွဲလောက်က  ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ဓနုဖြူ EPC ရုံးဝန်ထမ်းတွေဟာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း လတိုင်းလိုလို မီတာစာရွက်တွေ လိုက်ပေးနေတာကြောင့် သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခံရတာမျိုးဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဓနုဖြူလျှပ်စစ်ရုံးကတော့ လတိုင်းလိုလို မီတာစာရွက်တွေ လိုက်ပေးနေတယ်။ အဲဒါကြောင့် PDF တွေက သတိပေးတဲ့အနေနဲ့ ဖောက်ခွဲတာထင်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

အဆိုပါဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိတာမရှိပေမဲ့ စစ်ကောင်စီတပ်သားတွေ ရောက်ရှိလာပြီး ပတ်ဝန်းကျင်ကို ဆဲဆိုခြိမ်းခြောက်တာတွေ ပြုလုပ်ကာ ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

အလားတူ ဧရာ၀တီတိုင်း၊ မအူပင်မြို့မှာလည်း  အောက်တိုဘာလ ၁၁ ရက် မနက်ပိုင်းက ဗုံး ၂ လုံး ဗုံးပေါက်ကွဲခဲ့ပါတယ်။

1 year Ago
Up