ဓတ်ခွဲနမူနာ

October 18, 2020

ကိုဗစ်-၁၉ လူနာ ၄၂ ဦး ထပ်မံသေဆုံး၊ လူနာသစ် ၁,၁၅၀ ဦး ထပ်တိုး

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၁,၁၅၀ ယောက် တွေ့ရှိခဲ့ပြီး လူနာ ၄၂ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးသူ ၄၂ ယောက်ထဲမှာ ၂၇ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အောက်တိုဘာ ၁၇ ရက် ည ၈ နာရီမှ  ၁၈ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၂,၃၀၇ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁,၁၅၀ ယောက်ထပ်မံ တွေ့ရှိခဲ့တာပါ။ လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။ ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၂၂၄၁ ယောက်အား နေအိမ်တွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၈ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၃၆,၀၂၅ ယောက်၊ သေဆုံးသူ ၈၈၀  ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၇,၀၇၆ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ သန်း ၄၀ ကျော်၊ သေဆုံးသူ ၁ ဒသမ ၁ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၂၉ ဒသမ ၉ သန်းကျော် ရှိနေပြီလို့ သိရပါတယ်။
12 months Ago

September 7, 2020

ဓာတ်ခွဲနမူနာ ၃၀၀၇ ခု စစ်ဆေးချက်အရ လူနာသစ် ၁၄၅ ဦး တွေ့ရှိ

ဓာတ်ခွဲနမူနာ ၃၀၀၇ ခုအား နှစ်သုတ်ခွဲ စစ်ဆေးချက်အရ ရန်ကုန်တိုင်းက ၉၂ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၁၄၅ ဦး ထပ်မံတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ပါတယ်။ မနေ့ညက ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၂,၀၂၀ ခုမှာ လူနာသစ် ၁၀၀ နဲ့ ဒီနေ့မနက် ဓာတ်ခွဲနမူနာ ၉၈၇ ခုမှာ လူနာသစ် ၄၅ ဦး တွေ့ရှိခဲ့တာပါ။ အတည်ပြုလူနာသစ်တွေကတော့ ရန်ကုန်တိုင်း မြို့နယ် ၂၈ ခုက ၉၂ ဦး၊ ရခိုင်ပြည်နယ် မြို့နယ် ၆ ခုက ၃၈ ဦး၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်က ၂ ဦးနဲ့ ဥတ္တရသီရိက ၁ ဦး၊ ဧရာဝတီတိုင်း ကျုံပျော်နဲ့ ဟင်္သာတမြို့နယ်တို့က ၁ ဦးစီ၊ ပဲခူးတိုင်း ကဝမြို့နယ်က ၈ ဦး၊ မန္တလေးတိုင်း မြင်းခြံနဲ့ သာစည်မြို့နယ်တို့က ၁ ဦးစီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁,၄၆၄ ဦး၊ သေဆုံးသူ ၈ ဦး၊ ၂ ကြိမ်ဆက်တိုက်  ပိုးမတွေ့ရှိသူ ၃၈၅ ဦးထဲက ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးသူ ၃၆၆ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၁၄၂ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၇ ဒသမ ၂ သန်းကျော်၊ သေဆုံးသူ ၈၈၀၀၀၀ ကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၁၉ ဒသမ ၃ သန်းကျော် ရှိတယ်လို့ သိရပါတယ်။
1 year Ago
Up