ဒရုန်းပြိုင်ပွဲ

August 27, 2018

နိုင်ငံတကာ ဒရုန်းမောင်းပြိုင်ပွဲတွင် ဟောင်ကောင်ပြိုင်ပွဲဝင် ပထမဆုရ (ရုပ်သံ)

နိုင်ငံတကာ ဒရုန်းမောင်းပြိုင်ပွဲကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်း စည်ပင်သာယာနယ်မြေမှာ သြဂုတ် ၂၄ ရက်က ကျင်းပခဲ့ပြီး ဟောင်ကောင်မှ ကျိုးကျိယုံက ပထမဆု ရရှိသွားပါတယ်။ ဒီပြိုင်ပွဲကို တရုတ်၊ ဂျာမနီ၊ စင်ကာပူနဲ့ သြစတြီးယားနိုင်ငံတို့က ထိပ်တန်းပြိုင်ပွဲဝင်တွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒီပြိုင်ပွဲမှာ ဒရုန်းမောင်းသူတွေဟာ သတ်မှတ်နေရာတွေကို ၃ မိနစ်အတွင်း တတ်နိုင်သမျှ မြန်မြန်ပျံသန်းရတာပါ။ အခုလို ဒရုန်းပြိုင်ပွဲကို အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ၂ဝ၁၄ ခုနှစ်တုန်းက စတင်ခဲ့တာ ဖြစ်ပါတယ်။
3 years Ago

August 13, 2018

တရုတ်တွင် နိုင်ငံတကာ ဒရုန်းပြိုင်ပွဲ ကျင်းပ (ရုပ်သံ)

တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ သြဂုတ် ၁၁ ရက်နေ့က မောင်းသူမဲ့ ဒရုန်းချန်ပီယံများအသင်းချုပ် (DCL) ရဲ့ ၂၀၁၈ နိုင်ငံတကာ ဒရုန်းပြိုင်ပွဲကို ၂ ရက်ကြာ ကျင်းပခဲ့ပြီး ဗြိတိန်၊ အမေရိကန်နဲ့ ချက်သမ္မတနိုင်ငံတွေက ထိပ်ဆုံး ၃ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ အဲဒီပွဲကို နာမည်ကြီး ဂရိတ်ဝေါလ် မဟာတံတိုင်းခြေရင်းမှာ ကျင်းပခဲ့ပြီး ထိပ်တန်းအဆင့် နိုင်ငံတကာအသင်း ၉ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ဒါဟာ DCL အနေနဲ့ အာရှနိုင်ငံတခုမှာ ပထမဦးဆုံး ကျင်းပတဲ့ပွဲ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေထဲမှာ အသက် ၁၃ နှစ်အရွယ် လူငယ်တွေလည်း ပါဝင်ယှဉ်ပြိုင်ခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up