ဒရုန်းတက္ကဆီ

September 27, 2017

ယူအေအီးတွင် မောင်းသူမဲ့ ဒရုန်းတက္ကဆီ စမ်းသပ်ပျံသန်း (ရုပ်သံ)

ကမ္ဘာ့ပထမဆုံး ဖြစ်လာနိုင်တဲ့ မောင်းသူမဲ့ ဒရုန်းတက္ကဆီ ပျံသန်းမှုကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) မြို့တော် ဒူဘိုင်းမှာ စက်တင်ဘာ ၂၅ ရက်နေ့က မိတ်ဆက် စမ်းသပ်ပျံသန်းပါတယ်။ အာရပ်ကမ္ဘာရဲ့ ဆန်းသစ်တီထွင်မှုကို ဦးဆောင်ဖို့ ယူအေအီးက ရည်မှန်းထားတာပါ။ ဂျာမန် ဒရုန်းလုပ်ငန်း ဗိုလိုကော့ပ်တာက တီထွင်တဲ့ တက္ကစီယာဉ်ပျံဟာ သေးငယ်တဲ့ ၂ ယောက်စီး ရဟတ်ယာဉ်အခန်းပါပြီး ထိပ်မှာတော့ အသွား ၁၈ ခုပါတဲ့ ဒလက်ကို တပ်ဆင်ထားပါတယ်။ ဒီယာဉ်ဟာ မောင်းသူမဲ့ဖြစ်ပြီး မိနစ် ၃၀ ထိ အများဆုံးပျံသန်းနိုင်ကာ အဝေးထိန်း လမ်းညွှန်ချက် မပါဘဲ မောင်းနှင်ဖို့ စီစဉ်ထားပါတယ်။ ဒီယာဉ်တွေကို အခက်အခဲဖြစ်ပြီး ပျက်မကျနိုင်အောင် အစီအစဉ်တွေ၊ အရန်ဘက်ထရီနဲ့ အဆိုးဆုံးအခြေအနေ ကြုံလာရင် အဆင်ပြေအောင် လေထီး ၂ စီးကိုလည်း ထည့်သွင်းထားပါတယ်။ "ဒါဟာ သမိုင်းဝင်အဆင့်ဖြစ်ပြီး လာမယ့်ငါးနှစ်အတွင်း ဒီထုတ်ကုန်ကို တကယ်သုံးနိုင်တော့မယ်၊ ဒါပေမယ့် ငါးနှစ်အတွင်း အခြေခံအဆောက်အအုံတွေ နည်းပညာတွေနဲ့ တခြားအရာတွေ အဆင်သင့်ဖြစ်အောင် လုပ်စရာ အများကြီးရှိနေတယ်၊ လူ့အသက်တွေကို ဘေးသင့်အောင် မရင်းနိုင်ဘူး" လို့ ဒူဘိုင်း သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ညွှန်ချုပ် မတ်တာ အယ်လ် တေယာက ပြောပါတယ်။ ဗိုလိုကော့ပ်တာလုပ်ငန်းရဲ့ အမှုဆောင်အရာရှိချုပ်ကတော့ "ဒီယာဉ်တွေအတွက် စက်ပိုင်းနဲ့ လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းတွေ ပေါပေါများများရှိတယ်၊ လက်တွေ့မှာ ဘယ်လိုအစိတ်အပိုင်းက ချို့ယွင်းသည်ဖြစ်စေ ဗိုလိုကော့ပ်တာဟာ အင်မတန် ဘေးကင်းတဲ့ အခြေခံနဲ့ ဆက်သွားနိုင်တယ်" လို့ ရှင်းပြပါတယ်။ ဗိုလိုကော့ပ်တာကို ရန်ပုံငွေကောင်းတဲ့ ဥရောပနဲ့ အမေရိကန်က ဒါဇင်နဲ့ချီတဲ့ လုပ်ငန်းတွေက အပြိုင်အဆိုင် တီထွင်နေတာပါ။ ပန်ကာဒလက်နဲ့ ဒေါင်လိုက် အတက်အဆင်းလုပ်နိုင်တဲ့ မောင်းသူမဲ့ မြို့ပြသယ်ယူပို့ဆောင်ရေးယာဉ်ကို ထုတ်လုပ်ဖို့ သိပ္ပံ စိတ်ကူးယဉ်ဇာတ်လမ်းထဲက အမြင်မျိုးတွေနဲ့ ကြိုးစား အကောင်အထည် ဖော်နေပါတယ်။
4 years Ago
Up