ဒွိုင်ဆုထိပ်တောင်

A d v e r t i s e m e n t With Us

May 10, 2016

ချင်းမိုင် ဒွိုင်ဆုထိပ်တောင် တောမီး ရွာသားများကြောင့်ဟု ပြော

ထိုင်းနိုင်ငံ ချင်းမိုင် ဒွိုင်ဆုထိပ်တောင်မှာ ရွိုင် ၂၅၀ နီးပါး (၁၂၅ ဧကခန့်) လောင်ကျွမ်းသွားတဲ့ တောမီးဟာ ရွာသားတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ မေ ၈ ရက်က လောင်ကျွမ်းတဲ့ တောမီးကို ထိန်းသိမ်းနိုင်ဖို့ တရက်နီးပါး ကြိုးစားခဲ့ရသလို အစောပိုင်း စုံစမ်းစစ်ဆေးချက်တွေအရ ရွာသားတွေ မီးရှို့တဲ့အတွက် တောမီး လောင်ကျွမ်းခဲ့တာလို့ ချင်းမိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ နေရာ ၄ ခုမှာ ရွာသားတွေက တပြိုင်တည်း မီးရှို့ခဲ့တာဖြစ်ပြီး မီးရှို့တဲ့သူတွေကို သိရှိဖို့ စုံစမ်းနေတယ်လို့ ဆိုပါတယ်။ လေယာဉ်နဲ့ မီးကို ငြှိမ်းသတ်ဖို့ ကြိုးစားခဲ့ရသလို ဆင်းရဲတဲ့ ရွာသားအများစုက မီးရှို့လို့ ဖြစ်လာတဲ့ အကျိုးသက်ရောက်မှုကို မတွေးမိကြဘူးလို့လည်း ဆိုပါတယ်။ ဒီမီးလောင်ကျွမ်းမှုကြောင့် ချင်းမိုင်မှာ မီးခိုးတွေ အုံ့မှိုင်းတဲ့ ပြဿနာက အနည်းငယ် တိုးလာတယ်လို့လည်း လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဌာနက ဆိုပါတယ်။
5 years Ago
Up