ဒုံးကျည်ပစ်လွှတ်မှုနဲ့ ဆက်နွှယ်တဲ့ စက်ရုံတွေဆီ မြောက်ကိုရီးယားခေါင်းဆောင်ကင် သွားရောက်ကြည့်ရှုတဲ့ ရုပ်သေဓာတ်ပုံတွေကို နိုင်ငံပိုင် KRT သတင်းဌာနက ဇွန်လ ၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီစက်ရုံတွေကို ပဲ့ထိန်းဒုံးပစ်စင်နဲ့ တခြားလက်နက်တွေ တည်ဆောက်ဖို့ အသုံးပြုတယ်ဆိုပြီး ကျွမ်းကျင်သူတွေက ပြောထားတာပါ။
ခေါင်းဆောင်ကင် သွားရောက်ရာ စက်ရုံတွေထဲမှာ February 8 General Machine Factory လည်း တခုအပါအ၀င် ဖြစ်ပါတယ်။
အဲဒီစက်ရုံဟာ တိုက်ချင်းပစ်ဒုံးပျံ ဟွာဆောင် - ၁၄ ပစ်လွှတ်ရာနေရာဖြစ်ပါတယ်။ ခေါင်းဆောင်ကင် လမ်းညွှန်ချက်ပေးတဲ့ သတင်းတွေကို KCNA သတင်းဌာနက ထုတ်လွှင့်ခဲ့ပြီး သွားရောက်ချိန်ကိုတော့ မပြောကြားခဲ့ပါဘူး။
သတင်းထဲမှာ စီးပွားရေးအကြောင်းအရာတွေကိုသာ ဖော်ပြခဲ့ပေမယ့် အဲဒီနေရာတွေဟာ မြောက်ကိုရီးယားလက်နက်ထုတ်ရာ အဓိကနေရာတွေဖြစ်ပြီး တိုက်ချင်းပစ်ဒုံးကျည်နည်းပညာ ဖန်တီးရာမှာ အဓိကကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ဂျိမ်းစ်မာတင် စင်တာကျွမ်းကျင်သူတွေက ဆိုပါတယ်။
ကင်ဟာ ကန်ဂျီ အထွေထွေထွန်စက် စက်ရုံနဲ့ ထွန်စက်အစိတ်အပိုင်း ထုတ်လုပ်ရာ စက်ရုံတွေကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။
အဲဒီစက်ရုံနှစ်ခုစလုံးဟာ ကာကွယ်ရေးလုပ်ငန်းနဲ့ ဆက်စပ်နေပြီး ဒုံးကျည်ထုတ်လုပ်ရေး အစီအစဉ်မှာ အဓိကကဏ္ဍကနေ ပါဝင်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားပါတယ်။
2 years Ago