ဒုံးကျည်စမ်းသပ်မှု

May 11, 2019

ဒုတိယအကြိမ် ဒုံးကျည်စမ်းသပ်ပစ်ခတ်မှု မြောက်ကိုရီးယားခေါင်းဆောင် ကြီးကြပ်

သီတင်းတစ်ပတ်အတွင်း ဒုတိယမြောက် ဒုံးကျည်ပစ်ခတ်စမ်းသပ်တာကို  ခေါင်းဆောင် ကင်ဂျုံအန်း ကြီးကြပ်တဲ့ ဓာတ်ပုံတွေကို မြောက်ကိုရီးယားနိုင်ငံပိုင် KRT သတင်းဌာနက မေလ ၁၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒုတိယအကြိမ် ဒုံးကျည်စမ်းသပ်တာကို ကြည့်ရှုနေချိန်မှာပဲ ကင်ဂျုံအန်းက စစ်ဘက်တိုက်ခိုက်ရေး စွမ်းရည် တိုးတက်အောင် ကြိုးပမ်းဖို့ ညွှန်ကြားခဲ့တယ်ဆိုပြီး KRT သတင်းမှာ ဖော်ပြပါတယ်။ မြောက်ကိုရီးယားရဲ့ အဆင့်မြင့် ဒုံးကျည်စနစ်သစ်အတွက် ပြင်ဆင်နေပုံပေါ်တဲ့ အခု စမ်းသပ်ချက်တွေနဲ့ ပတ်သက်ပြီး  တင်းမာမှုတွေ ကြီးထွားလာနေပါတယ်။ မေ ၉ ရက်နေ့က နိုင်ငံအနောက်မြောက်ပိုင်း ကူဆောင်းဒေသကနေ ဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားပူးတွဲ စစ်ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ အဲဒီ ဒုံးကျည် နှစ်စင်းဟာ အမြင့် ကီလိုမီတာ ၅၀ ကနေ အကွာအဝေး ကီလိုမီတာ ၄၂၀ နဲ့ ၂၇၀  ပျံသန်းပြီး ပင်လယ်အတွင်း ကျဆင်းခဲ့တယ်လို့ ပူးတွဲစစ်ဦးစီးချုပ်ရုံးက ပြောပါတယ်။
2 years Ago

December 16, 2017

ဒုံးကျည်စမ်းသပ်မှု ရပ်တန့်ရန် အမေရိကန်တောင်းဆိုချက် မြောက်ကိုရီယား ဂရုမစိုက်

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံကျည်စမ်းသပ်မှုတွေကို ရပ်တန့်ဖို့ အမေရိကန်က တိုက်တွန်းတောင်းဆိုချက်ကို ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ်က မသိကျိုးကျွံပြုခဲ့ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်က လုပ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆွေးနွေးပွဲမှာ “အမေရိကန်နဲ့ မြောက်ကိုရီးယား တွေ့ဆုံမဆွေးနွေးမီ၊ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်တဲ့ အပြုအမူတွေကို အစဉ်ရပ်ဆိုင်းဖို့လိုပါတယ်”လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က ပြောကြားခဲ့တာပါ။ အဲဒီနောက် ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီး ဂျာဆောင်နမ်က မိန့်ခွန်းပြောကြားရာမှာ  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောစကားနဲ့ ပတ်သက်ပြီး တစုံတရာ တုံ့ပြန်ပြောကြားတာမျိုးမရှိခဲ့ပါဘူး။ နျူကလီးယားအင်အားပိုင်နိုင်ငံဆိုတဲ့ သမိုင်းနဲ့ချီတဲ့ ရပ်တည်ချက်ကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့တဲ့ ကျနော်တို့ မြောက်ကိုရီးယားနိုင်ငံရဲ့ အလွန်မြင့်မားတဲ့ အင်အားကြောင့် ကြောက်လန့်နေပါပြီလို့ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီး ကပြောကြားသွားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up