ဒံပေါက်

A d v e r t i s e m e n t With Us

January 2, 2021

မြန်အောင်က စားဝတ်နေရေး ခက်ခဲသည့် ကလေး ၃၀၀ ခန့်ကို ဒံပေါက်ကျွေးမွေး

ဧရာဝတီတိုင်း မြန်အောင်မြို့မှာ ကိုဗစ်-၁၉ ကာလ စီးပွားရေးကျပ်တည်းတာကြောင့် စားဝတ်နေရေး အခက်တွေ့နေတဲ့ ကလေး ၃၀၀ လောက်ကို နှစ်သစ်မှာ အာဟာရဒံပေါက် ကျွေးမွေးလှူဒါန်းခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ် နှစ်ဆန်း ၁ ရက်နေ့မှာ အစားအသောက် ဝဝလင်လင် စားသောက် ဖြတ်သန်းစေချင်တာကြောင့် အခုလို ကျွေးမွေးခဲ့တာလို့ ဦးဆောင်သူ ကြယ်ငါးကောက်သူများအဖွဲ့ ဥက္ကဋ္ဌ ဦးသောင်းထွဋ်က ပြောပါတယ်။  ကလေးတွေကို ကစားစရာတွေနဲ့ ဆောင်းရာသီ အဝတ်အစားတွေ မဲဖောက်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။  မြန်အောင်မြို့ အခြေစိုက် ကြယ်ငါးကောက်သူများအဖွဲ့ဟာ မြို့နယ်ထဲက မိဘမဲ့နဲ့ ပညာမသင်ကြားနိုင်တဲ့ ကျောင်းသားကျောင်းသူတွေကို နှစ်စဉ် ကူညီပေးနေတဲ့အဖွဲ့ ဖြစ်ပြီး မြန်မာနိုင်ငံဖွား နိုင်ငံခြားရောက် အလှူရှင်တွေနဲ့ နီးစပ်ရာ အလှူရှင်တွေရဲ့ ထောက်ပံ့ကူညီမှုတွေနဲ့ ကလေးတွေကို ကူညီနေတာလည်း ဖြစ်ပါတယ်။
2 months Ago
Up