ဒဲလီအလီ

A d v e r t i s e m e n t With Us

April 29, 2016

ပြိုင်ဘက်ကစားသမားကို ထိုးကြိတ်ခဲ့သည့် စပါးကစားသမား ရာသီလက်ကျန်ပွဲ ပိတ်ခံရ

ပြိုင်ဘက်ကစားသမားကို ထိုးကြိတ်ခဲ့တဲ့ အကြမ်းဖက် အပြုအမူကြောင့် အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ် ဟော့စပါးအသင်း အလယ်တန်းလူ ဒဲလီအလီကို ရာသီလက်ကျန်ပွဲ ကစားခွင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ပိတ်ပင်လိုက်ပါတယ်။ ဧပြီ ၂၅ ရက်က ကစားခဲ့တဲ့ ၀က်စ်ဘရွန်းအသင်းနဲ့ သရေကျတဲ့ပွဲမှာ အလီက ကလော်ဒီယို ယာကော့ကို ထိုးကြိတ်ခဲ့တာ ရုပ်သံဖိုင်မှာ မှတ်တမ်းတင်ထားပါတယ်။ အလီကတော့ ၃ ပွဲပယ်ပြစ်ဒဏ်ဟာ များလွန်းတယ်လို့ ပြောပေမယ့် ဘောလုံးအဖွဲ့ချုပ်ကတော့ ကာကွယ် ပြောဆိုမှုကို ငြင်းပယ်ခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်လည်းဖြစ်တဲ့ အလီဟာ ကျွမ်းကျင်ဘောလုံးကစားသမားအသင်းရဲ့ တနှစ်တာ လူငယ်ကစားသမား စာရင်းဝင်ထားသူလည်း ဖြစ်ပါတယ်။
5 years Ago

April 27, 2016

ပွဲကစားစဉ် ထိုးကြိတ်ခဲ့သည့် စပါးကစားသမားကို အက်ဖ်အေ စွဲချက်တင်

အင်္ဂလန် ပရီးမီးယားလိဂ်က တော့တင်ဟမ်ဟော့စပါး အလယ်တန်းလူ ဒဲလီအလီကို အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က အကြမ်းဖက် အပြုအမူအတွက် စွဲချက်တင်လိုက်ပါတယ်။ အကြမ်းဖက် အပြုအမူအတွက် ပွဲပယ်ပြစ်ဒဏ် ၃ ပွဲ ချမှတ်လေ့ရှိတာကြောင့် အလီဟာ စပါးအသင်းရဲ့ ရာသီလက်ကျန်ပွဲစဉ်တွေကို လွဲချော်ဖွယ် ရှိနေပါတယ်။ ဧပြီ ၂၅ ရက် ၀က်စ်ဘရွန်းအသင်းနဲ့ သရေကျတဲ့ပွဲမှာ အလီက ကလော်ဒီယို ယာကော့ကို ထိုးကြိတ်ခဲ့တာ ရုပ်သံဖိုင်မှာ မှတ်တမ်းတင်ထားပါတယ်။ ဒီဖြစ်ရပ်ဟာ ဒိုင်လူကြီးမှတ်တမ်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။ အလီကတော့ ဒီဖြစ်ရပ်အပေါ် ဧပြီ ၂၇ ရက်နေ့အထိ တုံ့ပြန်ခွင့် ရရှိထားပါတယ်။ ပထမပိုင်း ပွဲချိန် ၂၆ မိနစ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ကို မြင်တွေ့ခဲ့ခြင်း မရှိပေမယ့် တချို့ပြိုင်ဘက်တွေက လှောင်ပြောင်ဖို့ ကြိုးစားတာတော့ ရှိတယ်လို့ စပါးနည်းပြက ပြောပါတယ်။
5 years Ago
Up