ဒေးလီး‌မယ်ရာသတင်းစာ

December 23, 2019

အာတီတာ မန်စီးတီးက ထွက်ခွာရသည့်ကိစ္စ   ဗြိတိန်သတင်းစာ ထုတ်ဖော်

အာတီတာအနေနဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ရတာဟာ မန်ချက်စတာစီးတီးရဲ့ နည်းပြရာထူးအတွက် အာမခံချက်မရှိတာကြောင့် ဖြစ်တယ်လို့ ဒေးလီး‌မယ်ရာသတင်းစာက ဖော်ပြပါတယ်။ မန်စီးတီးနဲ့ ၂၀၂၁ ခုနှစ်အထိသာ စာချုပ်သက်တမ်း ကျန်ရှိတော့တဲ့ ဂွါဒီယိုလာအနေနဲ့လည်း စာချုပ်သစ်ချုပ်ဆိုဖို့ မဖြစ်နိုင်တော့ဘဲ မကြာခင် မန်ချက်စတာမြေကို စွန့်ခွာရမယ့်သဘောမှာ ရှိနေတာပါ။ ဒေးလီးမယ်ရာရဲ့ ရေးသားဖော်ပြချက်တွေအရ ဂွါဒီယိုလာ ထွက်ခွာခဲ့ရင် ပုံမှန်အားဖြင့် အာတီတာ လက်လွှဲယူလို့ရပေမယ့် မန်စီးတီးတာ၀န်ရှိသူတွေဟာ နာမည်ကြီးနည်းပြတဦး ခေါ်ယူအ စားထိုးမှာ ကျိန်းသေပေါက် သေချာနေလို့ အာတီတာက သူ့ရဲ့ရှေ့ရေးကို တွေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ မန်စီးတီးရဲ့ဘောလုံးဒါရိုက်တာ ဘက်ဂီရီစတိန်းကတော့ အာတီတာဟာ မန်စီးတီးအတွက် အရေးပါတဲ့လူတဦးဖြစ်သလို လေ့ကျင့်ရေးကွင်းထဲမှာ အစစအရာရာ စီမံခန့်ခွဲရသလို အသင်း အတွက် အသေးစိတ်ကအစ ပြင်ဆင်ရသူဖြစ်တာကြောင့် သူဟာ ပြည့်စုံနေပြီး အာဆင်နယ် အသင်းကို တိုးတက်အောင် ကူညီနိုင်ပြီး ထိပ်တန်းနည်းပြတဦး ဖြစ်လာမယ်ဆိုတာ ယုံကြည်တယ်လို့ ပြောကြားသွားပါတယ်။
2 years Ago
Up