ဒေးဗစ် ဒဏ်ရာရ

October 25, 2020

ဘိုင်ယန်က ဖရန့်ဘတ်ကို စံချိန်သစ်ဖြင့် ဂိုးပြတ်အနိုင်ရှိ၊  နောက်ခံလူ ဒေးဗစ် ဒဏ်ရာရ

ဖရန့်ဘတ်အသင်းကို ဂိုးပြတ်နိုင်ရရှိခဲ့တဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ရာဘတ်တိုလီဝန်ဒေါစကီးဟာ ဟက်ထရစ်သွင်းယူပေးခဲ့ပြီး အသင်းစံချိန်သစ်တွေ ထပ်မံ ရရှိခဲ့ ပါတယ်။  ပိုလန်တိုက်စစ်မှူးဟာ ရာသီအစ ဘွန်ဒက်လီဂါပွဲစဉ် ၅ ခုမှာ ၁၀ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီ လည်း ဖြစ်ပါတယ်။  ဒီပွဲကို ၅ ဂိုး ပြတ်နဲ့အနိုင်ရရှိခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းဟာ အားထားရတဲ့ ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆိုဒေးဗစ်ကိုတော့ ကာလရှည်ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။  ဒေးဗစ်ဟာပွဲအစမှာတင် ခြေကျင်းဝတ်အရွတ်ဒဏ်ရာ ရရှိခဲ့တာကြောင့် အများဆုံးသီတင်း ပတ် ၈ ခုလောက်အထိ အနားယူရမယ်လို့ သိရပါတယ်။ လီဝန်ဒေါစကီးဟာ ပွဲချိန် ၁၀ မိနစ်မှာတင် အသင်းအတွက် ပထမဆုံးဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ဒုတိယဂိုးကို ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်သလို ဟက်ထရစ်ဂိုးကိုတော့  ဒေါက်ဂလက်ကော်စတာရဲ့ ပေးပို့မှုကနေတဆင့်  ရယူနိုင်ခဲ့တာပါ။ ဘိုင်ယန်အသင်းအတွက် နေက်ထပ်ဂိုးတွေကို လီရွိုင်းဆာနေး နဲ့ ဂျာမယ်မူစီယာလာတို့က သွင်းယူပေးခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းဟာလည်း ဘွန်ဒက်လီဂါ ၅ ပွဲမှာ ၂၂ ဂိုးအထိ သွင်းယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။  ဒီစံချိန်နဲ့အတူ အင်္ဂလန်ယူ ၁၇ တိုက်စစ်မှူးဟာလည်း အသက် ၁၈ နှစ်မပြည့်ခင် ဘွန်ဒက်လီဂါဂိုး ၁ ဂိုးထက်ပိုရရှိခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ ဒီပွဲရလဒ်ကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ ၅ ပွဲကစားကာ ၁၂ မှတ်ရရှိခဲ့ပြီး အမှတ်ပေး ဇယားကို ဦးဆောင်နေတဲ့ လိုက်ပစ်ဇ်အသင်းရဲ့နောက်မှာ ၁ မှတ်အကွာနဲ့ရပ်တည်နေပါတယ်။ လိုက်ပစ်ဇ်အသင်းက ဟာသာဘာလင်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ လီဝန်ဒေါစကီးဟာ ဘွန်ဒက်လီဂါပွဲစဉ် ၅ ခုပြီးဆုံးချိန်မှာ ဂိုးအများဆုံးသွင်းနိုင်တဲ့စံချိန်ကို မိုချင်ဂလတ်ဘတ်တိုက်စစ်မှူးဟောင်း ပီတာမေယာနဲ့အတူ ပူးတွဲရပ်တည်ခဲ့သူဖြစ်ပါတယ်။  သူဟာ ပြီးခဲ့တဲ့ရာသီ ၅ ပွဲမှာ ၉ ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့်မေယာရဲ့စံချိန်ကို လိုက်မီ ခဲ့တာဖြစ်ပြီး ဒီရာသီမှာတော့ ဒီစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီဖြစ်ပါတယ်။  အသက် ၃၁ နှစ်အရွယ်ပိုလန်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီမှာ ဘိုင်ယန်အသင်းအတွက် ၄၇ ပွဲ ကစားပြီး ၅၅ ဂိုးအထိသွင်းယူနိုင်ခဲ့ရာမှာ  ဘွန်ဒက်လီဂါဂိုး ၃၄ ဂိုးလည်းပါဝင်ပါတယ်။  ဒီရာသီမှာလည်း သူဟာ လိဂ်အတွင်း ၃၇ မိနစ်အတွင်း ၁ ဂိုးရရှိတဲ့ တိုက်စစ်မှူးအဖြစ် ဆက်လက်ခြေစွမ်ပြလျက်ရှိပါတယ်။ ဒေးဗစ်ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သတ်လို့ ဘိုင်ယန်နည်းပြ ဟန်ဆီဖလစ်က “ သူ့ဒဏ်ရာက အရွတ်ပါ။စုတ်ပြတ်သွားတယ်လို့ ယူဆရပြီး သီတင်းပတ် ၆ ကနေ ၈ ပတ်လောက်အထိ အနားယူ ရမယ်လို့ ခန့်မှန်းရပါတယ်။ သူ့လိုကစားသမားမျိုးကို ဆုံးရှုံးရတာ အသင်းအတွက် အထိနာပါတယ်” လို့ ပြောပါတယ်။  ဒီဒဏ်ရာကြောင့် ကနေဒါလက်ရွေးစင်ကစားသမားဟာ ၂၀၂၀ ခုနှစ်အတွင်း ဘောလုံး ပြန်ကစားနိုင်ဖို့ မသေချာတော့ပါဘူး။
2 years Ago
Up