ဒေးဗစ်လူဝစ္

November 20, 2020

အာဆင်နယ်လေ့ကျင့်ရေးကွင်းတွင် ဒေးဗစ်လူဝစ္စနှင့် ဆီဘယ်ယော့တို့ ခိုက်ရန်ဖြစ်ပွား

အာဆင်နယ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ နောက်ခံလူ ဒေးဗစ်လူဝစ္စနဲ့ ကွင်းလယ်လူ ဆီဘယ်ယော့တို့ စကားများခဲ့ကြပြီး လူဝစ္စက ဆီဘယ်ယော့ကို ထိုးကြိတ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ နိုင်ငံတကာ ပွဲစဉ်တွေအတွက် အာဆင်နယ်ကစားသမားတချို့ လက်ရွေးစင်အသင်းနဲ့အတူ ရှိနေစဉ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးကို အသင်းဝန်ထမ်းတွေက  ဝင်ရောက်ဖျန်ဖြေခဲ့ရတယ်လို့ သိရပါတယ်။ လူဝစ္စနဲ့ ဆီဘယ်ယော့တို့ဟာ နိုင်ငံအသင်းအတွက် ရွေးချယ်ခြင်းမခံခဲ့ရတဲ့ အာဆင်နယ်ကစားသမားတွေထဲမှာ ပါဝင်ခဲ့ပြီး အသင်းအနဲ့အတူရှိနေတာကြောင့် လေ့ကျင့်ရေး လုပ်ဆောင်ခဲ့ကြတာပါ။ ဒီလေ့ကျင့်ရေးကို ပြီးခဲ့တဲ့သောကြာနေ့မှာ အာတီတာကိုယ်တိုင် ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး အသင်းရဲ့ ခြေစွမ်းထက် ကစားသမား နှစ်ဦးရဲ့ရန်ပွဲကြောင့် အာတီဟာလည်း တော်တော်လေး စိတ်ပျက်ခဲ့ပုံပါပဲ။ ဆီဘယ်ယော့အဝင်ကြမ်းတာကို လူးဝစ္စက ဒေါသထွက်ပြီး ဆီဘယ်ယော့မျက်နှာကို ထိုးခဲ့တာဖြစ်ပါတယ်။ အထိုးခံခဲ့ရတဲ့ ဆီဘယ်ယော့မှာ သွေးထွက်သံယိုတောင်ဖြစ်ပွားခဲ့တယ်လို့ The Athletic သတင်းမှာဖော်ပြပါတယ်။ “လူဝစ္စက ဆီဘယ်ယော့ရဲ့ နှာခေါင်းကို ထိုးလိုက်တာဖြစ်ပြီး ဆီဘယ်ယော့က မြေပေါ်မှောက်သွားခဲ့ပါတယ်။ မြေပေါ်ကနေ ပြန်ထပြီး လူဝစ္စကို ရင်ဆိုင်ဖို့ကြိုးစားချိန်မှာ အသင်းဝန်ထမ်းတွေက သူတို့ နှစ်ဦးကိုလူစုခွဲလိုက်ရတယ်”လို့  သတင်းမှာပါဝင်ပါတယ်။ ရန်ဖြစ်ခဲ့လို့သူတို့ နှစ်ဦးကို အိမ်ပြန်ပို့ခဲ့ပြီး အင်္ဂါနေ့ လေ့ကျင့်ရေးမှာတော့ သူတို့ နှစ်ယောက်ပြန်လည်တွေ့ဆုံခဲ့ကာ ပြဿနာကို ကျော်လွှားနိုင်ခဲ့ပြီး ဖြစ်ခဲ့တာတွေအတွက် အသင်းကို ပြန်တောင်းပန်ခဲ့ပါတယ်။ ဒါဟာ ဒီရာသီအတွင်း အာဆင်နယ်ကစားသမားတွေ အကြားမှာဖြစ်ပွားခဲ့တဲ့ ဒုတိယမြောက်ရန်ပွဲဖြစ်ပြီး ရာသီအစပိုင်းမှာလဘ်း ဆီဘယ်ယော့နဲ့ လူငယ်တိုက်စစ်မှူး အန်ခီးတီးယားတို့ ရန်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
5 months Ago
Up