ကွင်းလယ်တိုက်စစ်ကစားသမား အိုဒီဂတ်ဒ်ရဲ့အနာဂတ်က ဘာမဆိုဖြစ်နိုင်တယ်လို့ ရီးရဲလ် လက်ထောက်နည်းပြ ဒေးဗစ်ဘက်တိုနီက ပြောပါတယ်။
နည်းပြချုပ် ဇီဒန်းက ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့လို သီးသန့်နေထိုင်နေရချိန်မှာ လက်ထောက်နည်းပြ ဘက်တိုနီက သတင်းစာရှင်း လင်းပွဲတက်ခဲ့တာပါ။
နော်ဝေကစားသမား အိုဒီဂတ်ကို အာဆင်နယ်အသင်းက ခေါ်ယူစာချုပ်မယ်လို့ သတင်း ထွက်ပေါ်နေတာပါ။
အသက် ၁၆ နှစ်ကတည်းက ရီးရဲလ်မက်ရစ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ အိုဒီဂတ်ဟာ ဟီရန်ဗင်း၊ ဗစ်တက်ဆီနဲ့ ဆိုစီဒက်အသင်းတွေမှာ အငှားထွက်ကစားခဲ့ရပါတယ်။
ဆိုစီဒက်မှာပြသခဲ့တဲ့ ခြေစွမ်းကြောင့် အသင်းမှာ ဆက်ထိန်းထားခဲ့ပေမဲ့ ၇ ပွဲသာ ကစားခွင့်ရရှိသေးတာပါ။
အင်္ဂလန်မီဒီယာတွေကတော့ အာဆင်နယ်အသင်းဟာ အိုရီဂတ်ကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။
1 month Ago