.ဒေါ်အောင်ဆန်းစုကြည်

February 4, 2021

ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ရန် ကိုရီးယားအစိုးရ တောင်းဆို

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  ဖမ်းဆီးခံထားရတဲ့ အစိုးရ အရာရှိတွေကို ချက်ချင်းလွှတ် ပေးဖို့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆော်သြလိုက်ပါတယ်။ 

“မြန်မာနိုင်ငံအတွင်း လတ်တလော နိုင်ငံရေးအခြေအနေအပေါ် ကျနော်တို့ အစိုးရက နက်နက်ရှိုင်းရှိုင်း စိုးရိမ်တယ်။ ကျနော်တို့အစိုးရက မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ လိုလားမှုကို ကျန်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲတွေကနေ မျက်မြင်တွေ့ခဲ့ပြီးပြီမို့ သူတို့ရဲ့ စိတ်အားထက်သန်မှုကို လေးစားကြောင်း ထပ်လောင်း အတည်ပြု ပြောပါတယ်”လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ချိုးယောင်ဆန်းက အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောပါတယ်။ 

အနောက်နိုင်ငံ ခေါင်းဆောင်တွေကလည်း မြန်မာ စစ်အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချပြီး အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ မြန်မာအပေါ် ဒဏ်ခတ်မှု ပြန်ကျင့်သုံးမယ်လို့ ခြိမ်းခြောက် ထားပါတယ်။

10 months Ago
Up