မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့
Home
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့
A
d
v
e
r
t
i
s
e
m
e
n
t
With Us
June 20, 2020
549
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် မန္တလေးတွင် သွေးလှူဒါန်း
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အနေနဲ့ မန္တလေးမြို့မှာ သွေးလှူဒါန်းတာနဲ့ ကုသိုလ်ပြုလှူဒါန်းတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
အထွေထွေရောဂါကု၊ မန္တလေးဆေးရုံကြီး သွေးလှူဘဏ်နဲ့ ဗဟိုအမျိုးသမီးဆေးရုံကြီး စတဲ့နေရာတွေကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားသူတွေနဲ့ သွေးလှူရှင် အသင်းဝင်တွေက သွေးလှူဒါန်းခဲ့ကြတယ်လို့ ဆန်းမုဒိတာ သွေးလှူရှင်အသင်း နာယကဆရာတော် ဦးဝိစာရက ပြောပါတယ်။
“ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်လည်း ဒီထက်မက သက်ရှည်ကျန်းမာ ချမ်းသာပြီးတော့ ဦးဇင်းတို့နိုင်ငံကြီးကို ဒီထက် အဆပေါင်းများစွာ တိုးတက်အောင်ဆောင်ရွက်နိုင်ပါစေလို့ ဦးဇင်းတို့က ဆုတောင်းပေးပါတယ်။”
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဖြစ်တဲ့အတွက် သွေးလှူဒါန်းကြရာမှာ ကိုယ်အပူချိန် တိုင်းတာတာတွေ၊ လက်ဆေးဖို့ ဆောင်ရွက်တာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ၉၄ ကြိမ်မြောက် သွေးအလှူရှင် ဦးမြင့်စိန်က ပြောပါတယ်။
“ကိုဗစ်ကာလကျတော့လည်း ဘယ်လိုပြောမလဲဆိုတော့ သူများတကာတွေ ဒုက္ခရောက်နေတယ် ဆိုတော့လည်း ထိန်းထိန်းသိမ်းသိမ်းနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရင်းနဲ့ လှူဖြစ်အောင် လာလှူရတာပေါ့။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တချို့က ဧရာဝတီမြစ်အတွင်း ဇီဝိတဒါန ငါးလွှတ်တာတွေ၊ မြန်မာနိုင်ငံ ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကလေးသူငယ်စောင့်ရှောက်ရေးအသင်းကနေ အမျိုးသမီး အသက်မွေးပညာသင်တန်းကျောင်းမှ အမျိုးသမီးငယ်တွေကို အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်း လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ၃၂လမ်းနဲ့ ၃၃ လမ်းကြား၊ ၆၂ လမ်းပေါ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးသစ်ကို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့လက်ဆောင်အဖြစ် ဖွင့်လှစ်ခဲ့ပြီး သံဃာတော်တွေကို ဆွမ်းနဲ့ လှူဖွယ်ပစ္စည်းတွေ ဆပ်ကပ်လှူဒါန်းခဲ့ကြပါတယ်။
ကိုဗစ်ကာလအတွင်း သွေးလိုအပ်မှုတွေအတွက် အထောက်အကူဖြစ်စေဖို့ ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းမှုကိုလည်း ဇွန်လ ၁၅ ရက်နေ့က မန္တလေးဆေးရုံမှာ ပြုလုပ်ခဲ့ပါတယ်။
ထိန်ထိန်လင်း
8 months Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up