ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် ကမ္ဘာ့စီးပွားရေး ကျဆင်းနေချိန်မှာ ဘဏ္ဍာရေး သတိထား သုံးစွဲနေရတဲ့ ဖောက်သည်တွေအတွက် အမေရိကန်ဒေါ်လာ ၃၉၉ ဒေါ်လာတန် စမတ်ဖုန်း ကို Apple နိုင်ငံတကာကော်ပိုရေးရှင်းက ဧပြီ ၁၅ ရက်မှာ ဈေးကွက် မိတ်ဆက်လိုက်ပါတယ်။
စရိတ်နည်းမိုဒယ် Apple စမတ်ဖုန်းသစ်ဟာ ဖောက်သည်တွေကို ပိုပြီး ဆွဲဆောင်နိုင်မှာမို့ ပြန်ရငွေ တိုးလာဖို့လည်း မျှော်လင့်ထားပါတယ်။
S&P 500 စတော့ရှယ်ယာ ညွှန်းကိန်းမှာ Apple ရဲ့ ရှယ်ယာဟာ ၁ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့တာပါ။
ဧပြီ ၂၄ ရက်မှာ စရောင်းမယ့် iPhone SE ဟာ အရင်က တန်ဖိုးကြီး မိုဒယ်လ်တွေရဲ့ ဒုတိယမျိုးဆက်လည်း ဖြစ်ပါတယ်။
အရင်က ထုတ်ခဲ့ဖူးသမျှ ဈေးအနိမ့်ဆုံး Apple ထုတ်ကုန် iPhone 8 ထက် ဒေါ်လာ ၅၀ ပိုသက်သာပါတယ်။ မျက်နှာပြင် အကျယ် ၄ ဒသမ ၇ လက်မရှိပြီး အက်ပဲရဲ့အဆင့်မြင့်ဆုံး 11 Proနဲ့ ပရော်ဆက်ဆာ ချစ်ပ်စ်ချင်း အတူတူ သုံးထား ပါတယ်။
5G နဲ့ မျက်နှာကို မှတ်မိပြီး ဖုန်းဖွင့်ပေးတဲ့ စနစ် မပါပေမယ့် မိုဒယ်ဟောင်းတွေလို လက်ဗွေရာ အာရုံခံ စနစ်ကို သုံးထားပါတယ်။
11 months Ago